Part 7 ( Unicode & Zawgyi )

424 40 4
                                    


Unicode

ဒီနေ့လေးကတော့ သူတို့ကျောင်းပြန်တက်ရမယ့်နေလေးတနေ့ဘဲပေါ့ ။တလဆိုတယ့် အချိန်အတွင်းထဲမှာ သူပြောင်းလဲခဲ့တာတွေကလဲအများကြီးဘဲ။ ဒီတလအတွင်းမှာ သူစာကိုဘဲတစိုက်မတ်မတ်ကြိုးစားလာခဲ့တာ ။အခုဆို စာမေးပွဲ‌ဖြေဖို့အတွက် အဆင်သင့်ဖစ်နေပီ။အရင်တုန်းကလိုစာမေးပွဲဖြေဖို့အတွက် ကြောက်နေစရာလဲမလိုတော့ဘူး ။သူ့စိတ်ထဲလဲပေါ့‌ပါးနေခဲ့တယ် ဘာအပူအပင်မှမရှိဘဲ လန်းဆန်းနေတယ်။

ကျောင်းသွားဖို့အတွက်လဲအရင်လိုဗရုတ်သုတ်ခသွားလို့မရတော့ဘူး ။မျက်ကပ်မှန်လေးကိုတပ်ကာ အဝတ်အစားကိုလဲသပ်သပ်ရပ်ရပ်ဝတ်ဆင်ပီး ဆံပင်လေးကိုလဲသေချာပုံသွင်းကာ ကိုယ်လုံးပေါ်မှန်ရှေ့မှာ အဆင်ပြေလားမပြေလားကြည့်လိုက်မိသည်။

"ငါက ဒီလိုကျတော့လဲချောသားဘဲ ဟိုနှစ်ကောင်ကိုကျေးဇူးတင်ရမယ်"

သူလဲအမေလုပ်ပေးတယ့်မနက်စာကိုအားရပါးရစားပီးကျောင်း
သွားဖို့အတွက် အိမ်ကနေထွက်လာခဲ့တယ်။သူ့ရဲ့နတ်သားလေးနဲ့မတွေ့ရတာကြာနေပီဆိုတော့ အရမ်းလွမ်းနေတယ်။ဒီတလအတွင်းမှာသူနတ်သားလေးဘာတွေများလုပ်နေမလဲ...။

" Taeငါရောက်နေပီ"

သူ့ရဲ့နတ်သားလေးရဲ့ခြံရှေ့မှာသွားစောင့်‌ကတာကလဲသူ့အတွက်တာဝန်တခုလိုပါဘဲ။တာဝန်ဆိုတာထက် သူကလဲအရမ်းလုပ်ချင်နေခဲ့တာကို။

" ဒီနေ့ငါသွားစရာရှိလို့ မင်းဘာသာမင်းအရင်သွားလိုက် ငါဒီနေ့ကျောင်းနောက်ကျမယ် အဲ့ဒါဆရာမကိုပြောပေးထား"

သူလဲ phထဲကစာဝင်သံကြားလို့ ကြည့်လိုက်တာ နတ်သားလေးကိုတွေ့ရတော့မယ်ဆိုလို့ ပျော်နေတယ့်အပျော်လေးတောင် ပျက်သွားခဲ့တယ်။ဒီနေ့ငါတယောက်ထဲကျောင်းသွားရတော့မှာလား...။

" အင်းပါ ငါပြောထားပေးမယ် ငါသွားတော့မယ် bye"

စာလေးကိုပြန်ပို့ပီး ကျောင်းကိုသာလေးလံတယ့်ခြေလှမ်းတွေနဲ့စက်ဘီးလေးကိုနင်းသွားလိုက်တယ်။ဒီနေ့နှင်းကျနေတာ အရမ်းအေးတာဘဲ။ငါ့ကို အနွေးဓာတ်ပေးမယ့်လူမရှိလို့ထင်တယ်။
သူကျောင်းထဲကိုဝင်လာထဲက သူ့ကိုကြည့်လိုက်ကြတယ့်လူတွေ။သူပုံစံကဘဲတခုခုဖစ်နေလို့လားဆိုပီး ကိုယ်ဘာသာကိုယ်တောင်ပြန်ကြည့်ရတယ်။သူစက်ဘီးရပ်နေရင်းနဲ့ ကောင်မလေးအုပ်စုက သူ့ဆီကိုပြေးလာတော့ သူလန့်တောင်လန့်သွားတယ်။သူ့ကို အနိုင်ကျင့်ကြအုံးမယ်ထင်ကာ လက်လေးကိုကာပီးမျက်လုံးကိုမှိတ်လိုက်မိသည်။

Crush Love 💚💛Where stories live. Discover now