Part 9 (Unicode & Zawgyi)

438 52 5
                                    


Unicode

မနေ့က စိတ်ပျော်ရွှင်နေပီး စောစောအိပ်လိုက်တာကြောင့် ဒီမနက်နိုးလာတော့ စိတ်က အရင်နေ့တွေထက်စာရင် လန်းဆန်းနေခဲ့တယ်။သူ့လဲ ပြင်ဆင်မနက်စာစားပီးတာနဲ့ သူ့ရဲ့နေ့စဉ်တာဝန်လိုဖစ်နေတယ့် နတ်သားလေးအိမ်ရှေ့ကိုချီတက်လာခဲ့တော့သည်။သူလဲထုံးစံအတိုင်း နတ်သားလေးကိုစာပို့ပီး ခြံရှေ့မှာရပ်စောင့်နေခဲ့တော့သည်။

"သားက သားထယ်ရဲ့သူငယ်ချင်းမှတ်လား"

သူစောင့်နေတယ့်အချိန်မှာတင် ဈေးဝယ်ပီးပြန်လာပုံ‌ရတယ့်အန်တီကြီးတ‌စ်ယောက်က သူ့ကိုစကားလာပြောခဲ့တယ်။

"ဟုတ်ပါတယ် အန်တီ ....ကျွန်တော်Taeကိုကျောင်းသွားဖို့စောင့်နေတာပါ"

သူလဲထိုအန်တီကြီးက ဘယ်သူလဲမသိပေမဲ့လဲ ယဉ်ယဉ်ကျေးကျေးနဲ့သာ ပြန်ဖြေလိုက်သည်။

"ဟယ် ဒီကလေးကတော့လုပ်လိုက်ပြန်ပီ ကိုယ့်ကိုအမြဲလာခေါ်ပေးနေတယ့်သူငယ်ချင်းကို အပြင်မှာ အကြာကြီးရပ်စောင့်ခိုင်းထားရလား ဒီလောက်အပြင်မှာ အေးနေတာကို...။ လာသား အိမ်ထဲကိုသွားကြမယ်.."

"ဟုတ်ကဲ့...အန်တီကTaeအမေလား"

"ဟုတ်တယ်ကွဲ အန်တီက Kim Taehyung ရဲ့အမေဘဲ လာလာအေးတယ် အထဲသွားမယ်..."

"ဟုတ်ကဲ့...."

သူထင်တော့ထင်သားဘဲ ထယ့်အမေဆိုတာ။ထယ့်အမေကအရမ်းချောတာဘဲ ကျပ်သရေလဲရှိတယ်။ ထယ်ကထယ့်အမေနဲ့တူတာထင်တယ် အဲ့ဒါကြောင့် ဒီလောက်ချောမောနေတာ။

"သားထိုင် အန်တီ သားအတွက် ကော်ဖီယူလာခဲ့ပေးမယ်"

"နေပါစေ အန်တီ ကျွန်တော်အိမ်ကမနက်စာစားလာတာပါတယ်ခင်ဗျ"

"ထပ် စားပါလားသားရယ် အန်တီကကျွေးချင်လို့ပါ"

"ဟုတ်ကဲ့..."

သူလဲအန်တီက အဲ့လောက်ထိပြောနေတော့ ငြင်းရ‌မှာအားနာလို့ ဟုတ်ကဲ့"လို့သာပြောလိုက်ရတယ်။အမှန်တိုင်းပြောရရင် သူအိမ်မှာထဲက အဝဖြည့်‌လာလို့ ဗိုက်ကမဆန့်တော့ဘူး ။ဒါပေမဲ့ လဲရိုင်းရာမကြအောင် နည်းနည်းပါးပါးတော့စားပြရမှာပေါ့လေ။

Crush Love 💚💛Where stories live. Discover now