Part 23 ( Unicode & Zawgyi )

553 62 12
                                    

Unicode

Jiminအတွက် ဒီနေ့ကတော့ ပျော်စရာနေ့လေးတစ်‌ နေ့ဖစ်သွားခဲ့သည်။ဘာလို့လဲဆိုတော့ မထင်ထားခဲ့တယ့်လူက အိပ်ယာလာနှိုးခဲ့တော့ သူရဲ့ မနက်ခင်း လေးကပိုပီးတော့ တောင်လှပသွားခဲ့‌ လေသည်။ သူလဲ အချိန်ဆွဲမနေတော့ဘဲနဲ့ မြန်မြန် မျက်နှာသစ်စရာရှိတာသစ်ပီး ပေါ့ပေါ့ပါးပါးဖစ်မယ့် အကျီနဲ့ ဒူးလောက်ရှိတယ့်ဘောင်းဘီတိုလေးလဲကာ အောက်ထပ်ကိုဆင်းလာခဲ့လိုက်သည်။

အောက်ထပ်လဲ ရောက်ကော တွေ့ပါပီ ကျွန်တော့်ရဲ့ အချစ်ဦးကြီး...။အမေနဲ့ ဧည့်ခန်းထဲမှာထိုင်ပီး စကားကောင်းနေကြတယ် ထင်တယ် ။ ပြုံးရွှင်နေကြတာ မနာလိုစရာကြီး...။ဒါပေမဲ့လဲ ဒီနေ့ နတ်သားလေးက ဘာစိတ်ကူး‌ တွေပေါက်နေလဲမသိပါဘူး။ကျွန်တော့်ကိုယ်လဲ ပြုံးပြနေတာခနခနဘဲ။အဲ့လိုပြုံးနေတော့လဲ ဒီက ပတ်ခ်ဂျီမင်းတို့ကပျော်ပီပေါ့...။

နတ်သားလေးဆီ သွားချင် နေပေမဲ့လဲ ဗိုက်ထဲက စစ်ဖစ်နေတာကြောင့်မီးဖိုချောင် ဆီသာသွားရတော့သည်။ပဲခေါက်ဆွဲဆို‌ထဲက လူက သရေကျနေရတာ။အစောကြီးထဲက ပဲခေါက်ဆွဲကြိုက်တယ့်အပြင် နတ်သားလေးယူ‌လာပေးတာဆိုတော့ ပိုပီးတော့တောင် စားလို့ကောင်းနေလောက်မယ်ထင်တယ်။ဒီနေ့တော့ ပတ်ခ်ဂျီမင်းတို့ ဗိုက်ကားနေအောင် စားပစ်မယ်။

ကိုယ့်အတွေးနဲ့ကိုယ် တွေးနေရင်းနဲ့မီးဖိုချောင်ထဲကိုယ်ဝင်လာလိုက်တယ့် အချိန်မှာမြင်လိုက်ရတာကြောင့် ဒေါသကထောင်းခနဲထွက်လာခဲ့ရသည်။ဘယ်အချိန်ထဲကဘယ်လိုငတ်လာလဲ မသိဘဲ ပဲခေါက်ဆွဲကိုယ်တစ်ဝတစ်ပြဲ စားနေလိုက်တာများ ခေါင်းတောင်မဖော်တော့ဘူး။နတ်သားလေးက ငါ့အတွက်ယူလာပေးတယ့်ဟာကိုယ် ငါတောင် မစားရသေးဘဲ ဒင်းကအရင်ဆုံးစားနေတယ်။

"ဟဲ့အငယ်မ နင်အဲ့ဒါဘာလုပ်နေတာလဲ"

"ပဲခေါက်ဆွဲစားနေတာလေ မမြင်ဖူးလား"

"အဲ့ဒါတော့ ငါသိတယ်လေ အဲ့ပဲခေါက်ဆွဲကနင့်အတွက်မှမဟုတ်တာ Tae...က ငါ့အတွက် ယူလာပေးတာလေ"

"Oppa အတွက် လို့ ဘယ်သူပြောလဲ? Taehyung oppaက တစ်အိမ်လုံးအတွက်ယူလာ ‌ပေးတာ"

Crush Love 💚💛Where stories live. Discover now