Part 24 ( Unicode & Zawgyi )

927 66 29
                                    

Unicode

"ကဲ ကလေးတွေ ဆော့‌မနေကြနဲ့တော့ အန်တီဒီမှာမုန့်ယူလာတယ်စားလိုက်ကြအုံး"

သူတို့သုံးယောက် အခန်းထဲမှာ လုံးထွေးသတ်ပုတ်နေကြတယ့်အချိန် အမေက ဝင်လာခဲ့တော့ အကုန်လုံး ငြိမ်ကျသွားကြသည်။အဲ့အချိန်မှာ အမေကမုန့်ယူလာတယ်လဲပြောလိုက်ကော Hoseok ကအမေ့အနားကိုယ်အသည်းအသန်ပြေးသွားပီး မုန့်ပန်းကန်ကိုယ် အလျင်အမြန်ဘဲ သွားယူလိုက် လေသည်။

"ပေးပေး အန်တီ ကျွန်တော်သယ်ပေးမယ် "

Hoseok...ကိုယ်ကြည့်လို့မရတာကြောင့် Jimin နှာခေါင်းတစ်ချက်ရှုံလိုက် လေသည်။

"ဟေ့ကောင် မင်းငါ့ဆီကိုယ် လာတာငါ့ကိုယ်တွေ့ချင်လို့လား? ဒါမှမဟုတ် ငါ့ ommaလုပ်ကျွေးတယ့်မုန့်တွေကိုယ် စားချင်လို့လား"

"ဟာ မင်းကလဲ မင်းဆီကိုယ်လာရင်း နဲ့အန်တီလုပ် ကျွေးတယ့်မုန့်တွေကိုယ်လဲ စားတာပေါ့လို့"

စကားသာပြောနေတာ ပါးစပ်ထဲမှာလဲပလုတ်ပလောင်းနဲ့ဖစ်နေတယ့်လူကိုယ် Jimin တစ်ဖြည်းဖြည်းနဲ့ ကြည့်လို့မရဖစ်လာခဲ့ပီ။ဘေးဘက်ကိုယ်ကြည့်လိုက်တော့လဲအရင်ကဆိုအမြဲအိပ်ငိုက်နေတယ့် လူကအခုကြ တော့မျက်လုံးတွေပြူးနေသလား ထင်‌ရလောက်အောင် ပြုံးပီးတော့အ‌ ရှေ့ကတစ်ယောက်လုပ်သမျှကိုယ်ထိုင်ကြည့်နေလေရဲ့....။ဒီနှစ်‌ယောက်တစ်ခုခုတော့တစ်ခုခုဘဲ...။မရိုးဘူးဆိုတာတော့ သေချာနေပီ...။

"ဟွန့်....အဲ့ဒါဘဲ မုန့်စားချင်လို့လာတယ်လို့ပြောလိုက်ပေါ့။ပီးတော့ ဒီဘက်ကတစ်ယောက်လဲ ပါးစပ်လေး‌ပိတ်ပါအုံးခင်ဗျ ယင်ကောင်လဲဝင်ဥသွားအုံးမယ် ဘာတွေများရီစရာပါနေလို့လဲ"

သူပြောလိုက်တော့မှ နှစ်ယောက်လုံးတစ်ယောက်မျက်နှာတစ်ယောက်ပြန်ကြည့်နေကြပီး ရှက်ကိုး ရှက်ကန်းတွေဖစ်နေကြလေရဲ့...။သေချာနေပါပီ ဒင်းတို့နှစ်ယောက် တစ်ခုခုဖစ်ထားကြတယ်ဆိုတာ...ပတ်ခ်ဂျီမင်းထင်ရင်လွဲခဲပါတယ်ကွာ...။

"အဟမ်...ဟမ်း ommaရှိသေးတယ်လေနော် အကြည်စိုက်မနေကြနဲ့အုံး"

"ဟဲ့ သားကိုယ့်သူငယ်ချင်းတွေကိုယ်အဲ့လိုမပြောရဘူးလေ။ကဲ သားတို့လဲ စားကြတော့ အန်တီပန်ကိတ်နဲ့ အအေးလေးဘဲလုပ်လာခဲ့တာ ပီရင်ဘာစားချင်လဲပြောကြ အန်တီလုပ်ကျွေးမယ်။အခုတော့ အန်တီအောက်မှာလုပ်စရာလေးတွေရှိသေးလို့သွားအုံးမယ်ကွယ်"

Crush Love 💚💛Where stories live. Discover now