Part 5 (Unicode & Zawgyi)

426 42 0
                                    


Unicode

အချစ်ငှက်လေး‌နှစ်ယောက် အချင်းချင်းစကာနောက်ကာနဲ့ တီတီတူးနေတယ့်ပုံစံလေးကို အနောက်ကကောင်လေးကတော့ နှလုံးသားတွေတစစီကွဲကြွေကျမတတ် ခံစားနေရတယ် သူတို့နှစ်ယောက်ကိုကြည့်နေတယ့်ကောင်လေးဟာ အပြင်ပိုင်းမှာတော့ အပြုံးမျက်နှာလေးနဲ့ ရင်ထဲမှာတော့ ငိုကျွေးနေတယ်ဆိုတာ ဘယ်သူမှမသိကြဘူး ဒုက္ခ ဒုက္ခ အရမ်းချစ်တော့လဲ ရင်နင့်အောင်ခံစားရတာပေါ့ ဘာလိုလိုသူတို့တွေ ထွက်လာခဲ့ကြတာတောင် ညနေတောင်စောင်းတော့မယ် သူအိမ်အရမ်းပြန်ချင်နေပီ ဒီမြင်ကွင်းတွေကို မမြင်ချင်တော့ဘူး

"Jimin ငါ့ကိုစက်ဘီးခနငှား ငါ့ကောင်မလေးကို ပြန်လိုက်ပို့ချင်လို့"

"အတူတူသွားမယ်လေ ညနေတောင်စောင်းနေပီကွ မိုးကလဲရွာတော့မယ်ထင်တယ် "

သူ့ကိုစက်ဘီးငှားလိုက်ရင် ကိုယ်ကဘယ်လိုပြန်ရမှာလဲ ပီးတော့ဒီနေရာကလဲ လူပြတ်တယ် မိုးကလဲမကြာခင် သည်းကြီးမည်းကြီးရွာချတော့မလိုဘဲ ပိုက်ဆံကြပြန်တော့လဲ သွားဖို့အတွက်စိတ်မပါဘဲနဲ့ ထွက်လာခဲ့တော့ ပိုက်ဆံကော phကော ကျန်ခဲ့တယ်

"မင်းကလဲ ငါ့ကောင်မလေးကို စက်ဘီးနဲ့လိုက်ပို့ချင်လို့ပါဆို ခနဘဲပီးရင်ငါမင်းကိုပြန်လာခေါ်မယ် စိတ်ချ"

"Tae ဒါပေမဲ့ ဒီနားကလူပြတ်တယ်လေ ပီးတော့မိုးကလဲရွာတော့မယ် မိုးလဲချုပ်ခံနီးပီလေဟာ"

"ဒါပေမဲ့တွေ မလိုချင်ဘူး စောင့်နေဒီမှာဘဲ ငါပြန်လာခေါ်မယ်"

မလွယ်ပါလား သူဘယ်လိုပြောပြောလဲရမယ့်လူမှမဟုတ်တာ ပီးတော့ကိုယ်ကလဲသူ့ကိုမှမလွန်ဆန်ရဲတာ မလွန်ဆန်ရဲတာထက် မလွန်ဆန်နိုင်တာ စောင့်ဆိုတော့စောင့်ရတော့မှာပေါ့

"အေးပါ မြန်မြန်သွားပီး မြန်မြန်တော့ပြန်လာခဲ့နော်"

"အေး အေး "

သူ့ကိုပြောပီးစက်ဘီးပေါ်ကိုသူ့ကောင်မလေးကိုတင်ပီးထွက်သွားတယ့်ကောင်လေးကို ကြည့်ပီးသက်ပြင်းဘဲချမိတော့တယ်

"ဟူးးး Tae ရယ်မင်းကိုချစ်ရတာမလွယ်ပါလားကွာ "

သူလဲခုံလေးပေါ်မှာထိုင်ပီးစောင့်နေခဲ့တာ အခုဆိုနှစ်နာရီလောက်တောင်ကြာပီထင်တယ် အခုထိမရောက်လာသေးဘူး တမျှော်မျှော်နဲ့ စောငိ့နေတာ ရင်ထဲမှာလဲ ငိုချင်သလိုလိုဖစ်လာခဲ့တယ် ခနနေတော့ မိုးကလဲသူ့ရင်ထဲကအတိုင်း လွမ်းလွမ်းဆွေးဆွေးနဲ့ကို ရွာချပေးလာတယ် ညကလဲ တော်တော်လေးကိုမှောင်လာခဲ့သည်သူလဲသူ့ကိုဒီနေရာမှာစောင့်နေဆိုတယ့် စကားလေးအတိုင်းမိုးရွာ‌တာတောင် ဘယ်မှမသွားဘဲနဲ့ အဲ့နေရာလေးမှာဘဲစောင့်နေခဲ့တာ မင်းငါ့ကိုပြန်လာခေါ်မယ်ဆိုတယ့်ကတိတော့တည်မှာပါနော် ဆိုပီး မိုးရေတွေနဲ့အတူတူ မျက်ရည်တွေကလဲ သူ့ထက်ကအပြိုင်ဆိုပီး ကျလာခဲ့တယ် မိုးရေထဲမှာအချိန်အကြာကြီး စောင့်နေခဲ့ရတာ ကြာလာတော့လူကချမ်းလွန်းလို့ ဖြူဖျော့လာခဲ့ပီ

Crush Love 💚💛Where stories live. Discover now