Unicode
ရပ်ကွက် ထိပ်ကကလေးကစားကွင်းသေးသေးလေးမှာ ထိုင်နေကြတယ့် ကောင်လေးနှစ်ယောက်မှာတော့ တစ်ယောက်ကရှုံမဲ့နေပေမဲ့ နောက်တစ်ယောက်ကတော့ထိုကောင်လေးကိုယ်ကြည့်ကာ ပြုံးနေလေရဲ့....။
"Tae...အရမ်းညောင်းနေလား ဟင် အဆင်ပြေရဲ့လား?"
နတ်သားလေးက ဖင်ကိုယ် ဟိုဘက်လှည့်ထိုင်လိုက် ဒီဘက်လှည့်ထိုင်လိုက်နဲ့ မသက်မသာပုံစံလုပ်နေတာကြောင့် ပိုပြီးအားနာလာရလေသည်...။
"ငါ ဘာမှမဖြစ်ပါဘူး...။ရတယ် အဆင်ပြေတယ်..."
အဆင်ပြေတယ်သာ ပြောနေတာအခုချိန်ထိမျက်နှာက မရွှင်လန်းသေးတာကြောင့် သူလဲသက်ပြင်းဘဲချလိုက်မိတော့သည်...။
စိတ်ထဲမှာတော့ ဖေဖေကိုယ်မကျေနပ်ဖြစ်ရင်းနဲ့ပေါ့...။ဖေဖေကလေ ကိုယ့်သမက်ဖြစ်လာမယ့်လူကိုယ် ဘာလို့အဲ့လောက်ထိတောင်ပညာပြလိုက်တာလဲမသိဘူး...။ပြန်ရင်တော့ မေမေနဲ့တိုင်ပြောရမယ်...။
"Jimin...ဘာတွေစဉ်းစားနေတာလဲ? ငါခေါ်နေတာမကြားဖူးလား?"
"ဟမ်! အင်း ဟုတ်တယ်ငါမကြားလိုက်လို့...။ဘာပြောလိုက်တာလဲ?"
ထယ်ယောင်းဖင်ညောင်းလို့ စိတ်ညစ်ရတာကတစ်မျိုး၊ ဘေးကအကောင်ပေါက်ကိုယ်ကြည့်ပြီး နားမလည်နိုင်တာကတစ်မျိုးကြောင့် လူကရူးချင်ချင် တောင်ဖြစ်လာရသည်...။
သူရူးချင်တာလဲမပြောနဲ့ လေ...။အကောင်ပေါက်ကတစ်ခါတစ်ခါ ပြုံးစိစိဖြစ်သွားလိုက်၊ တစ်ခါခါကြပြန်တော့လဲ နှုတ်ခမ်းကြီးဆူလာပြီး ပါဝါမျက်နှာအထူကြီးကိုယ် ပင့်တင်လိုက်နဲ့ တစ်ယောက်ထဲကိုယ်အလုပ်ရှုပ်နေခဲ့သည်...။
"ဘာမှမဟုတ်ဘူး အဲ့ဒါနဲ့နေပါအုံး မျက်မှန်ကြီးက ဘာလို့တက်ထားရတာလဲ?"
"ဪ ဒါလား မမြင်ရလို့လေ..."
သူကအကောင်းမေးနေတာကိုယ် ဘုဂလန့်ပြန်ဖြေတယ့် အကောင်ပေါက်ကြောင့် ကိုင်ပေါက်ချင်စိတ်တွေတောင်ဖြစ်လာရသည်...။
စိတ်လျော့ Kim Taehyung...။စိတ်လျော့ခြင်းသည် အောင်မြင်ခြင်းတယ့်....။
YOU ARE READING
Crush Love 💚💛
Fanfictionလူတိုင်းမှာသူတို့ရဲ့စိတ်ထဲကနေ Crush နေတယ့် တစ်စုံတစ်ဦးကတော့ ရှိခဲ့ကြစမြဲပါဘဲ............