Background information

1.1K 53 8
                                    


Unicode

ဖန်တီးသူနတ်ဘုရား ရှန်စီဝမ်နှင့် စတင်ကြစို့...

ရှန်စီဝမ်သည် အရာအားလုံး၏ အုပ်ချုပ်သူဖြစ်သည်...

ရှန်စီဝမ်သည် သူ့ကိုယ်သူ ဘယ်ကလာမှန်းမသိပေ... သူသိတာက သူမျက်လုံးဖွင့်လိုက်တဲ့အချိန်မှာ အဆုံးမရှိတဲ့ ဟင်းလင်းပြင်ကြီးက သူ့ကိုကြိုဆိုနေသည်...

ထို့နောက်မှာတော့ သူ ဘဝတစ်ခုဖန်တီးခဲ့သည်...

သူက ဘဝတွေအားလုံး၏ အစဖြစ်သည်.... စကြဝဠာကြီး၊ ဂလက်ဆီတွေ၊ ကမ္ဘာတွေကို မွေးဖွားပေးတဲ့ကြယ်တွေကိုလည်း သူဖန်တီးခဲ့တာဖြစ်၏... ထို့နောက်မှာတော့ ယှဉ်ပြိုင်ဖို့အတွက် လူသားတွေ၊ နတ်ဘုရားတွေ၊ မကောင်းဆိုးဝါးတွေနဲ့ စိတ်ကူးယဉ်ဆန်တဲ့အရာအားလုံးကို ဖန်တီးခဲ့လေသည်...

ရှန်စီဝမ်က သူနဲ့လိုက်လျောညီထွေဖြစ်မယ့်အရာတစ်ခုကိုသာ ဖန်တီးချင်တာဖြစ်သည်... အဖြစ်အပျက်တွေအားလုံးကို ဖန်တီးပြီးနောက် အချိန်ကိုလည်း ဖန်တီးခဲ့သည်....

သူ့ဖန်တီးမှုတွေကို ထိန်းချုပ်နိုင်ဖို့ ရှင်သန်ခြင်း၊ သေဆုံးခြင်း၊ နတ်ပြည့်နဲ့ ငရဲပြည်ကိုပါ ဖန်တီးခဲ့လေသည်...

အချိန်ပေါင်းများစွာကုန်ဆုံးပြီးနောက် ရှန်စီဝမ်မှာ ဘယ်အရာကိုမှ သဘောမကျဘူးဆိုတာ သိလိုက်၏.... တဖြည်းဖြည်းပျင်းလာလေသည်...

ထို့နောက်မှာတော့ အရာအားလုံးကိုထားခဲ့ကာ Gods of Worldsဟူ၍ အသစ်ဖန်တီးခဲ့လေသည်... ကမ္ဘာတစ်ခုချင်းစီတိုင်းတွင် အရာအားလုံးကို နေရာတကျဖြစ်အောင်ထိန်းချုပ်ဖို့ နတ်ဘုရားတစ်ပါးစီဖန်တီးသည်... ရလဒ်အနေဖြင့် ကမ္ဘာတစ်ခုစီတိုင်းက နတ်ဘုရားတွေမှာ သူတို့ကိုယ်သူတို့ မြင့်မြတ်တဲ့တည်ရှိမှုလို ယူဆလာကြလေ၏...

ရှန်စီဝမ်က သူဖန်တီးထားတဲ့ကမ္ဘာတွေမှာ ဆက်လက်ဖြစ်တည်နေပေမဲ့ သူကတော့ ပျင်းနေပြီဖြစ်သည်...

ထို့ကြောင့် 'Vearth'ဟုခေါ်သည့် အဆင့်မြင့်ကမ္ဘာတစ်ခုကို ဖန်တီးခဲ့လေသည်...

'Vearth'သည် သူဖန်တီးထားတဲ့ လွတ်လပ်သည့်ကမ္ဘာတစ်ခုဖြစ်ပြီး သူကိုယ်တိုင် ထိန်းချုပ်ထား၏....

ဇာတ်ကြောင်းတွေကိုဖျက်ဆီးရတာ သဘောကျတယ်(ဘာသာပြန်)Where stories live. Discover now