4. 1.3 F S S- Film King ang Queen

487 56 2
                                    


Unicode

Morning. 7:30

ရှယင်ရဲ့နေရာ

၉နာရီလောက်မှ အလုပ်သွားရမယ့်ရှယင်ဟာ သူ့ကိုဘယ်သူမှလာမနှိုးသေးတာကြောင့် လက်ရှိအချိန်၌ အိပ်ရာပေါ်တွင် အေးအေးချမ်းချမ်း အိပ်ပျော်နေလေ၏... သူအေးဂျင့် တစ်နည်းအားဖြင့် အစ်ကိုဝမ်လို့ခေါ်တဲ့လူ နာမည်အပြည့်အစုံကတော့ ဝမ်လင်းဖြစ်သည်... သူက ရှယင်ပေးတဲ့လိပ်စာအတိုင်းမောင်းလာရာ ရှယင်ရဲ့အိမ်အသစ်ပုံစံကြောင့် အံ့အးသင့်နေလေ၏...

သူ့မင်းသားလေးရဲ့စံအိမ်က မမျှော်လင့်ထားလောက်အောင် မြို့တော်ထဲရှိ ဈေးအကြီးဆုံးနေရာတွေထဲက တစ်ခုဖြစ်သည်...

မီလီယံချီပြီး တန်ဖိုးရှိတဲ့ စံအိမ်ကြီးတစ်ခုက သူ့မျက်စိရှေ့တွင် ရှိနေသည်... ဝမ်လင်းမှာ သူ့မင်းသားလေးက ဒီလောက်ချမ်းသာမယ်လို့ လုံးဝမထင်ထားခဲ့ပေ... ဒါပေမဲ့ ရှယင် ဟိုကွန်ဒိုမှာ နှစ်တွေဘယ်လောက်ကြာအောင်နေခဲ့လဲဆိုတာစဉ်းစားကြည့်ရင် သူနားလည်နိုင်ပြီ...

သူ့မင်းသားလေးက အစားအသောက်ကလွဲပြီး ကျန်တဲ့နေရာမှာ ပိုက်ဆံတွေကို ဖြုန်းတီးလေ့မရှိပေ... ဒါ့အပြင်ဒီရေခဲမင်းသားလေးက ရုပ်ရှင်ဧကရာဇ်နဲ့ ဇာတ်လမ်းတွေရှိနေတာကြောင့် ရုပ်ရှင်ဧကရာဇ်နေရာကို လွဲချော်နေတာဖြစ်သည်... သူ့မင်းသားလေးက သူ့အရည်အချင်းကို ကောင်းကောင်းပြလို့ရမယ့် အလုပ်တွေကို မလုပ်ခဲ့ပေ...

ရှယင်ဟာ သူ့အမြွှာရှယန်ရဲ့ ဇာတ်ကောင်ထက် မြင့်တဲ့အလုပ်တွေကို ဘယ်တော့လက်မခံခဲ့ပေ... ဒီလိုတွေလုပ်နေတာဟာ ရှယန်ကို သူ့နှောက်ယှက်ချင်လို့ဟု လူတိုင်းနီးပါးတွေးနေခဲ့တာဖြစ်သည်... သို့သော် တုံးအတဲ့ သူ့မင်းသားလေးကတော့ ဘယ်တော့မှာ ဒီလိုမတွေးဖူးပေ... သူဟာ သူ့ကိုယ်သူ ချနင်းခံကျောက်တုံးအဖြစ် သတ်မှတ်ပြီး သူ့အမြွှာ ရှယန်ကို အမြင့်သို့တင်ပေးချင်တာသာ...

အခုအချိန်မှာ သူ့မင်းသားလေးက ရုပ်ရှင်ဧကရာဇ်နဲ့ ပြတ်ဆဲသွားပြီဖြစ်တာကြောင့် သူ့အရည်အချင်းနဲ့ ကိုက်မယ့်အလုပ်ကို အေးဂျင့်တစ်ယောက်အနေနဲ့ သူဖန်တီးပေးလို့ရပြီဖြစ်၏... ပထမတန်းစား သရုပ်ဆောင်တစ်ယောက်အနေနဲ့ ဒုတိယဇာတ်လိုက်နေရာကို ကောင်းကောင်းယူလို့ရသည်... သူ့ရဲ့မကောင်းတဲ့ ဂုဏ်သတင်းတွေကြောင့်သာမဟုတ်ရင် အဓိကဇာတ်လိုက်နေရာကိုယူရင်တောင် ပြဿနာမရှိပေ...

ဇာတ်ကြောင်းတွေကိုဖျက်ဆီးရတာ သဘောကျတယ်(ဘာသာပြန်)Where stories live. Discover now