1.11: FSS_The End

496 49 1
                                    


Unicode

ရှယင်တစ်ယောက် အရုဏ်တက်ချိန်ထိတိုင်အောင် အစားခံလိုက်ရလေသည်...

သူ့ငွေရောင်မျက်ဝန်းတွေကို ဖွင့်လိုက်တဲ့အချိန်မှာ နေတော်တော်မြင့်နေပြီဖြစ်ပြီး တစ်ကိုယ်လုံးဘာကိုမှမခံစားနိုင်ပေ... တစ်ကိုယ်လုံး မရေမတွက်နိုင်အေင် အနီရောင်အမှတ်အသားတွေနဲ့ ပြည့်နှက်နေပြီး နှုတ်ခမ်းတွေမှာလည်း တစ်ညလုံး အဆက်မပြတ်အနမ်းခံထားရသဖြင့် ဖူးယောင်နေလေသည်....

တစ်ကိုယ်လုံး နုံးချည့်ထုံထိုင်းနေတာကြောင့် အိပ်ရာပေါ်မှာ လှဲနေရုံသာ တတ်နိုင်တော့၏... တစ်စုံတစ်ခုက သူ့အားနွေးထွေးစွာ ထွေးပိုက်ထားတာကိုလည်း ခံစားနေရသည်... လက်တစ်ဖက်က သူ့ခါးကို တင်းကျပ်စွာပွေ့ဖက်ထားပြီး နောက်တစ်ဖက်ကိုတော့ သူခေါင်းအုံးအိပ်ထားတာပင်...

သူ့ခမျာ လုံးဝလှုပ်လို့မရဘဲ ပွေ့ဖက်ခံထားရတာကြောင့် လုပ်နေကျအတိုင်း သူ့ဘေးက ခန္ဓာကိုယ်ကြီးကို ပြန်ဖက်ထားလိုက်သည်... ဒီယောက်ျားရဲ့ အညိုရင့်ရောင်ဆံနွယ်တွေမှာ ရှုပ်ပွနေပြီး အသွင်အပြင်မှာတော့ ပန်းပုထုထားသလို ပြီးပြည့်စုံနေ၏..

ထင်ထင်ရှားရှားပေါ်နေတဲ့ 8 absတွေက mermaid lineထိဆက်ထားပြီး အချိုးကျပြေပြစ်တဲ့ body line ရှိသည့်  ဒီယောက်ျားက ဒီကမ္ဘာရဲ့သားတော်ဖြစ်တဲ့ ဇာတ်လိုက်gong ထက်တောင် ပြီးပြည့်စုံနေသေးတယ်... လုဇီယွင်မှာတောင် 8 abs ပဲရှိပြီး mermaid lineမရှိပေ... ဒီလူက လူသားနယ်မြေထဲမှာရောက်နေတဲ့ နတ်ဘုရားတစ်ပါးလိုပင်...

ရှယင်.... မဟုတ်ဘူး... ဟေးအန်ကျင်းမှာ ဒီလူကို စတွေ့လိုက်ကတည်းက နှလုံးသားထဲတွင် အရိုင်းဆန်နေပြီး ဝိဉာဉ်ကလည်း တုန်ယင်လာတာကို သတိထားမိလိုက်သည်... ဒီလူ့ဆီကနေ ပြင်းထန်တဲ့ဆွဲဆောင်မှုတစ်ခုကို ခံစားလိုက်ခဲ့ရ၏... သူ့ရဲ့ပြီးပြည့်စုံတဲ့အသွင်အပြင်ကြောင့်မဟုတ်ဘဲ တခြား တစ်ခုခုကြောင့်ပေါ့...

ပထမဆုံးအကြိမ်အဖြစ် နှလုံးသားထဲမှာ ကြောက်ရွံ့မှုတစ်ခုရိုက်ခတ်သွား၏.. ပုံမှန်အတိုင်းရှိနေသည့် သူ့နှလုံးခုန်နန်းမှာ ရုတ်တရတ်ဆိုသလို အပြင်ကိုပေါက်ထွက်မတတ်ခုန်လာတာကြောင့် သူ့ကိုယ်သူ မထိန်းချုပ်နိုင်မှာစိုး၍ ဒီလူအား အဝေးကိုတွန်းခဲ့ထုတ်နေတာဖြစ်လေသည်....

ဇာတ်ကြောင်းတွေကိုဖျက်ဆီးရတာ သဘောကျတယ်(ဘာသာပြန်)Where stories live. Discover now