1.23: FSS_(Extra-2) Horror Tale-XI

96 9 0
                                    


Unicode

လင်းရှတစ်ယောက် စာကြည့်တိုက်သို့ ဦးတည်သွားလေသည်...

သွားနေတဲ့လမ်း၌ ဒီနေရာတစ်ခုလုံးရဲ့ ဖွဲ့စည်းတည်ဆောက်ပုံကိုကြည့်ပြီးနောက် စာကြည့်တိုက် ဘယ်မှာရှိလဲဆိုတာကို လင်းရှခန့်မှန်းနိုင်ပုံပေါ်သည်... မီးခိုးရောင် စွမ်းအားတွေထုတ်လွှတ်နေတဲ့ စာကြည့်တိုက်တံခါးကိုတွေ့ပြီးနောက် သူရှာတွေ့တဲ့နေရာ မှန်သွားတယ်ဆိုတာ သိသွား၏...

ဗီဒီယိုထဲမှာပါတဲ့ ဝိဉာဉ်က ဒီမှာနေတာပဲဖြစ်ရမယ်... သူတံခါးလက်ကိုင်ကို ကိုင်လိုက်တော့ စွမ်းအားတစ်ခုက သူတံခါးဖွင့်လို့မရအောင် ကာကွယ်ထားတယ်ဆိုတာကို ခံစားမိလိုက်သည်... ထို့ကြောင့် လင်းရှမျက်လုံးမှေးလိုက်ပြီး သူ့စွမ်းအားသုံးကာ ဝိဉာဉ်ရဲ့စွမ်းအားကို တိုက်ခိုက်ပြီး တံခါးကို အတင်းဖွင့်လိုက်သည်... 

ထိုဝိဉာဉ်ရဲ့စွမ်းအားမှာ လင်းရှရဲ့စွမ်းအားကြောင့် သန့်စင်သွား၏... လင်းရှမှာ တံခါးဖွင့်လိုက်ပြီးနောက် တံခါးအတွင်းဘက်ရှိ ထူးဆန်းတဲ့ဝင်ပေါက်ထဲသို့ ဝင်လိုက်သည်.... 

"သူ့ပိုင်နက်ကိုဝင်ဖို့ ဝင်ပေါက်လား? ဘာလို့ ဒီလောက် အားနည်းနေတာလဲ?" လင်းရှတိုးတိုလေးပြောကာ သူ့ရှေ့ရှိ ရေနဲ့ကာထားသည့် ဝင်ပေါက်ကိုကြည့်နေလိုက်သည်...

သူအထဲကို မတုံ့မဆိုင်းဝင်လာတော့ ကျန်တဲ့သုံးယောက်ကလည်း သူနဲ့လူစုမကွဲမသွားအောင် လိုက်ဝင်လာ၏... 

တံခါးပေါက်ကိုဖြတ်ပြီးနောက် သူတို့ ရေထဲသို့ ဒိုင်ဗင်ထိုးချလိုက်သလို ဖြစ်သွားပြီးနောက် ရေနစ်သလို ခံစားလိုက်ရလေသည်... ထို့နောက်မှာတော့ သူတို့အသက်မရှူနိုင်တော့ဘဲ လေရဖို့အတွက် ပင့်သက်ရှိုက်ရုံသာတတ်နိုင်တော့၏... 

သူတို့အားလုံး စက္ကန့်အနည်းငယ်လောက် အသိစိတ်လွတ်သွားပေမဲ့ သူတို့မျက်လုံးပြန်ဖွင့်လိုက်တဲ့အချိန်တွင် ရေထဲမှာမဟုတ်တော့ဘဲ နေရာအသစ်တစ်ခုကို ရောက်နေတာကြောင့် အံ့ဩသွားကြလေသည်... သူတို့ထင်ထားတာက စာအုပ်တွေအပြည့်ဖြင့် စာကြည့်တိုက်ကြီးတစ်ခုထဲသို့ ရောက်သွားမယ်လို့ပင်... သို့ပေမဲ့ သူတို့အားကြိုဆိုနေသည်က ကော်ဇောခင်းထားသည့် ကြမ်းပြင်ပေါ်တွင် ခေါင်းအုံးအနည်းငယ်ဝန်းရံထားသည့် စားပွဲအသေးတစ်ခုပါတဲ့ ရှေးခေတ်ရိုးရာအခန်းတစ်ခန်းပင်ဖြစ်တော့သည်... 

ဇာတ်ကြောင်းတွေကိုဖျက်ဆီးရတာ သဘောကျတယ်(ဘာသာပြန်)Where stories live. Discover now