6. 1.5 FSS_Lin Xia and Xue Jing

446 52 2
                                    


Unicode

ဝမ်ထျန်းမှာ သူ့နေရာကထလာပြီး အခန်းအလယ်ကို လျှောက်သွားလိုက်သည်.... သူ့အမူအရာကတော့ လုံးဝပြောင်းလဲသွား၏...ဇာတ်လမ်းထဲရှိ လင်းရှသည် အမြဲတစေ အေးစက်နေသောမျက်နှာထားရှိသူဖြစ်သည်... သူ့ခံစားချက်ကိုမြင်နိုင်သည့် တစ်ခုတည်းသောအရာမှာ သူ့မျက်လုံးတွေသာဖြစ်ပြီး သူ့စိတ်ခံစားချက် လှုပ်ရှားအောင်လုပ်နိုင်သောသူမှာလည်း သူ့ဇနီးလေး ရွှယ်ကျင်းတစ်ယောက်တည်းသာ ဖြစ်ပေသည်...

ဝမ်ထျန်းသည် အခန်းအလယ်တည့်တည့်တွင် မလှုပ်ရှားနိုင်သည့် တုတ်ချောင်းတစ်ချောင်းလိုရပ်နေပေမဲ့ သူ့ရဲ့ကြော့ရှင်းပြီးကျက်သရေရှိမှုကို ကောင်းကောင်းမြင်နိုင်လေသည်... သူ့မျက်နှာအမူအရာက ခံစားချက်မရှိဖြစ်နေပြီး သူ့ဘေးပတ်ပတ်လည်ရှိလေထုမှာ တစ်သီးတခြားဖြစ်လျက် သက်တောင့်သက်သာမရှိပေ... သူ၏ စာနာမှုမရှိသည့် မျက်ဝန်းတွေမှာ အခန်းတွင်းရှိ ရွှယ်ကျင်းနေရာတွင် သရုပ်ဆောင်မည့် လူငါးယောက်ဆီသို့ရွေ့သွားပြီး ငါးယောက်လုံးအား ခံစားချက်မရှိသည့် မျက်လုံးတွေနဲ့ ငုံကြည့်လိုက်လေသည်... သူဟာ အားနည်းတဲ့သေမျိုးတွေကို ကြည့်နေသည့် နတ်ဘုရားလိုမျိုးပင်...

ထိုအခိုက်အတန့်၌ အားလုံးမှာ သူတို့အပေါ်ဖိအားတွေသက်ရောက်သလိုဖြစ်လာပြီး အခန်းထဲရှိလေထုမှာ အသက်ရှူကျပ်လာသလို ခံစားလာရလေသည်... အထူးသဖြင့် ရွှယ်ကျင်းနေရာ၌ သရုပ်ဆောင်မည့် လူငါးဦးအပေါ်တွင်ဖြစ်၏... ရွှယ်ကျင်းနေရာကိုသရုပ်ဆောင်နိုင်ရန်အတွက် ပထမဦးစွာ သူတို့ရှေ့ရှိ လင်းရှကို အရင်ကျော်ဖြတ်ရမည်ဖြစ်သည်...

သူတို့ငါးယောက်ထဲရှိလေးယောက်မှာ ဝမ်ထျန်းကို ကြည့်နိုင်ဖို့ ကြိုးစားကြပေမဲ့ ခြေထောက်တွေတုန်ယင်နေတာကို ဖုံးကွယ်မထားနိုင်ချေ... အထူးသဖြင့် ရှယန်ဖြစ်သည်... သူဟာ ခြေထောက်တွေမခိုင်တော့ဘဲ ကြမ်းပြင်ပေါ်သို့လဲကျသွားလေ၏...

သူတို့အမူအရာတွေကို မြင်ပြီးနောက် ဝမ်ထျန်းမှာ လေးယောက်လုံးကျရှုံးတယ်ဆိုတာ သိလိုက်လေပြီ... သူတို့က ရွှယ်ကျင်းရဲ့ သွေးအေးတဲ့ စိတ်နေသဘောထားကို မေ့သွားခဲ့ကာ ကောင်းကောင်းသရုပ်မဆောင်နိုင်ပေ...

ဇာတ်ကြောင်းတွေကိုဖျက်ဆီးရတာ သဘောကျတယ်(ဘာသာပြန်)Where stories live. Discover now