7. 1.6 FSS_ Advertisement Video

484 54 0
                                    

Unicode

ဝမ်လင်းက သူ့မင်းသားကို ရိုက်ကွင်းနေရာသို့ လိုက်ပို့ပေးသည်... ကြော်ငြာရိုက်မယ့်နေရာကိုရောက်တော့ ဒါရိုက်တာအပါအဝင် ဝန်ထမ်းအားလုံးမှာ တိတ်ဆိတ်စွာ မတ်တပ်ရပ်နေတာကို မြင်လိုက်ရ၏... သူတို့ကို သေချာကြည့်ကြည့်လိုက်တော့ အားလုံးရဲ့မျက်နှာတွင် စိုးရိမ်မှုတွေဖုံးလွှမ်းနေတာကို ဝမ်လင်း တွေ့လိုက်ရလေသည်...

နည်းနည်းရာထူးကြီးတဲ့ ဒါရိုက်တာနဲ့ လက်ထောက်ဒါရိုက်တာလိုလူမျိုးတွေက အဆင်ပြေနေသေး၏... သူတို့က တိတ်တိတ်ဆိတ်ဆိတ်ပဲ မတ်တပ်ရပ်နေကြပေမဲ့  make-up artistsနဲ့ cameramen တွေလို သာမန်ဝန်ထမ်းတွေမှာတော့ ခေါင်းကိုငုံ့ထားကာ တုန်ယင်နေကြလေသည်...

အလယ်မှာထိုင်နေတဲ့လူကိုကြည့်လိုက်တဲ့အချိန်မှာတော့ ရှယင်က ဒီထူးဆန်းနေတဲ့လေထုကို နားလည်သွားလေသည်...

အဲ့ဒါက Empireရဲ့ ပိုင်ရှင် ဝမ်ထျန်းပင်... သူက အောင်မြင်ကျော်ကြားတဲ့ ဒါရိုက်တာတစ်ယောက်လဲ ဖြစ်ပြီး သူ့လက်ရာတွေကို တစ်ကမ္ဘာလုံးက ချီးမွမ်းသည်... ဒါရိုက်တာလုပ်ရတာက သူ့ဝါသနာဆိုပေမဲ့ ပျင်းနေတဲ့အချိန်မှသာ တစ်ချို့တလေကို ရိုက်တာဖြစ်၏... သူက ဓာတ်ပုံရိုက်တာတွေလည်းလုပ်ပြီး သူကြိုက်တယ်လို့ခံစားရရင် အခြားဒါရိုက်တာတွေရိုက်တဲ့ ဇာတ်ကားတွေမှာလည်း ပါဝင်လေ့ရှိသည်...

ရွှယ်ကျင်းရဲ့ပုံပြင် ကတော့ သူရွေးချယ်ထားတဲ့ ဇာတ်လမ်းတွေထဲက တစ်ခုဖြစ်သည်... သို့ပေမဲ့ သူက အပျော်တမ်းအနုပညာရှင်တွေနဲ့တော့ တွဲလုပ်လေ့မရှိချေ.... ဒီဇာတ်လမ်းကိုတောင် ဟူထျန်းနဲ့ဖေးလန်က ဇာတ်လိုက်တွေဖြစ်တာကြောင့် သူပါဝင်ခဲ့တာဖြစ်၏...

ပုံမှန်အားဖြင့် မာနကြီးတဲ့ဝမ်ထျန်းက ရှယင်လို နာမည်မရှိတဲ့ သရုပ်ဆောင်တွေနဲ့ တွဲရိုက်လေ့မရှိသော်လည်း တစ်ချို့သောအကြောင်းပြချက်ကြောင့် ဒီရေမွှေးကြော်ငြာမှာတောင် ရှယင်နဲ့တွဲရိုက်ဖို့ ပြောင်းလိုက်တာဖြစ်၏....

သူတို့ကြော်ငြာမယ့်ရေမွှေးရဲ့နာမည်ကို 'ထာဝရ' ဟုခေါ်သည်... ဒါကိုလည်း နောက်ထပ်လူရောက်လာတာကြောင့် ပြောင်းလဲလိုက်တာဖြစ်၏...

ဇာတ်ကြောင်းတွေကိုဖျက်ဆီးရတာ သဘောကျတယ်(ဘာသာပြန်)Where stories live. Discover now