1.21 : FSS_(Extra-2) Horror Tale-IX

93 13 0
                                    

Unicode

"အရှင့်ရဲ့ကြင်ယာတော် ရွှယ်ကျင်း!"

Videoထဲကလူရဲ့နာမည်ကို သူတို့အော်ပြောလိုက်ကြသည်... တာအိုဆရာအများစုမှာ အလွန်အမင်း အံ့အားသင့်နေကြပြီး ငိုနေကြတဲ့လူတွေတောင်ရှိ၏... သူဟာ နှစ်ပေါင်းများစွာကြာအောင် ပျောက်ဆုံးသွားတဲ့ပုံရိပ်လေးပင်...

ပထမ တာအိုဆရာကြီးက အံ့အားသင့်နေရာမှသတိပြန်ဝင်လာပြီး သခင်ကြီးဆီ ချက်ချင်းပြေးသွားလေ၏...

"သခင်ကြီးကို တင်ပြရမယ်!"

"ရပ်လိုက်! ငါသွားပြောမှာ!"

"မင်းတို့အဘိုးကြီးတွေ! ကိုယ်ကျိုးအတွက် ဒီစီနီယာကို ကျော်ခွသွားတယ်! သခင်ကြီးကိုတင်ပြဖို့က ငါ့တာဝန်ပဲ!"

"ဟားဟားဟား! အရင်ရောက်တဲ့လူ အရင်တင်ပြပဲ!"

သူတို့မသိလိုက်တာကတော့ ကောင်လေးကိုပထမဆုံးသတိထားမိတဲ့ တာအိုဆရာအကြီးအကဲတစ်ယောက်က သခင်ကြီးဆီ သတင်းပေးပြီးပြီဆိုတာကိုပင်... သူ့ဖုန်းမြည်လာပြီး သခင်ကြီးဆီက Message ရောက်လာ၏..

လင်းရှ : ကျန်တဲ့လူတွေကို ငါ့ဆီလွှတ်လိုက်ပါ... ဆုအဖြစ် ငါ့ရတနာတိုက်ထဲက တစ်ခုကိုယူလိုက်...

သူပြန်ပြောလိုက်သည် : ဟုတ်ကဲ့ပါ သခင်ကြီး...

ထိုလူက သူ့သခင်ရဲ့အတည်ပြုချက်ကိုရတော့ ယုတ်မာစွာပြုံးလိုက်၏... သူက သူ့ရဲ့စီနီယာတွေနဲ့ မတူပေ... သူတို့သခင်ကြီးက ဆူညံတာကိုမုန်းတယ်... သခင်ကြီးက သူ့ဆီတိုက်ရိုက်လာပြီးပြောတာထက် Messageပို့တာကို ပိုကြိုက်လေသည်.. 

ထိုအချက်ကို သူက သူ့စီနီယာအစ်ကိုတွေဆီ လုံးဝမပြောပြပေ... သူက သခင်ကြီးရဲ့တပည့်တွေထဲမှာ အငယ်ဆုံးဖြစ်ပြီး များသောအားဖြင့် သူ့စီနီယာတွေရဲ့ တောက်တိုမည်ရပဲလုပ်ရသော်လည်း ဒီလိုအခြေအနေမျိုးမှာ လိုက်လျောညီထွေဖြစ်အောင်နေနိုင်ပြီး ပိုဉာဏ်ကောင်းလေသည်...

သခင်ကြီးက ကြင်ယာတော်ရွှယ်ကျင်းနဲ့ အဆက်အသွယ်ရဖို့ နည်းလမ်းမှန်သမျှကို တင်ပြခိုင်းထားတာပင်... သူဟာ အမြဲတမ်း ဖုန်းနဲ့ပဲ messageပို့ပြီး သခင်ကြီးကိုအစီရင်ခံပေမဲ့ ဘယ်တုန်းကမှအဆူမခံရဘဲ အချီးကျူးပင်ခံရလေ၏...

ဇာတ်ကြောင်းတွေကိုဖျက်ဆီးရတာ သဘောကျတယ်(ဘာသာပြန်)Where stories live. Discover now