5: 1.4 F S S_Audition for Xue Jing

475 51 0
                                    


Unicode

ဝမ်လင်းက ဘေးဘက်ကနေထွက်လာပြီး ဟူထျန်းလက်ထဲက ဓာတ်ဘူးကိုယူလိုက်သည်... အမှန်တော့ ဝမ်လင်းပြန်ရောက်နေတာကြာပြီဆိုပေမဲ့ ဒီနာမည်ကြီးတဲ့စုံတွဲက သူ့မင်းသားနားမှာရောက်နေတာကြောင့် အနားကပ်မလာတာဖြစ်သည်...

သူ့မင်းသားလေးက ဟူထျန်းတို့စုံတွဲနဲ့ရှိနေတာကိုမြင်တော့ သူအရမ်းအံ့ဩသွား၏... နှစ်ယောက်လုံးမှာ လုဇီယွင် ရုပ်ရှင်ဧကရာဇ်မဖြစ်ခင်အချိန် ငယ်ငယ်ကတည်းက ရုပ်ရှင်ဘုရင်နဲ့ ဘုရင်မဟု အမည်တွင်တဲ့ ဝါရင့်သရုပ်ဆောင်တွေဖြစ်သည်...

ဒါ့အပြင် ဟူထျန်းက သူတို့Empire Entertainmentပိုင်ရှင်၏ဝမ်းကွဲဆိုလည်းဟုတ်တယ်... အတိုပြောရရင် ဟူထျန်းက ရဲ့သူဌေးတွေထဲကတစ်ယောက်ဖြစ်၏... သူ့လိုသာမန်အေးဂျင့်တစ်ယောက်အနေနဲ့ ဒီစုံတွဲကို ချဉ်းကပ်ဖို့ဆိုတာ မဖြစ်နိုင်ပေ... ဖေးလန် သူ့မင်းသားလေးကို ခေါ်သွားတုန်း ဟူထျန်းက သူ့ကိုထွက်လာဖို့ လက်ဟန်ခြေဟန်ပြမှသာ သူထွက်လာနိုင်သည်...

"ငါ့ကို ယင်ယင်နဲ့ လုဇီယွင်တို့အကြောင်း သေချာပြောပြ... ဒါနဲ့ ဟိုတယ်မှာဖြစ်ခဲ့တဲ့ ကိစ္စနဲ့ပက်သက်ပြီး သတင်းထောက်တွေကို ဖြေရှင်းဖို့ မင်းကို ဘယ်သူအမိန့်ပေးခဲ့တာလဲ" ဟူထျန်းမေးလိုက်၏...

"အဲ့...အဲ့တာက လက်ထောက်ဒါရိုက်တာဟယ်ပါ... သူက လုဇီယွင်ရဲ့ဖန်မလို့ သူ့နာမည်ကို မထိခိုက်စေချင်ဘူး... သူ့အထက်ကလူတွေကလည်း ကျွန်တော့်မင်းသားလို သရုပ်ဆောင်လေးကို ဂရုမစိုက်ဘူးထင်လို့ ဒီလိုလုပ်တာပါ...အဲ့...အဲ့တာကြောင့်... သူတို့..." ဝမ်လင်းပြန်ဖြေလိုက်၏...

အ‌‌ကြောင်းပြချက်ကိုကြားပြီနောက်ဟူထျန်းမျက်မှောင်ကြုတ်လိုက်၏... "ငါ အထက်ကို ဒီကိစ္စတင်ပြလိုက်မယ်... ငါ့ဝမ်းကွဲ ဒီကိစ္စကို သေချာပေါက်သိစေရမယ်... ငါတို့ယင်ယင်က လုဇီယွင်ထက်တောင် ရုပ်ရှင်ဧကရာဇ်ဖြစ်ဖို့ အလားအလာရှိတယ်... မင်းသတိမထားမိဘူးလား... ရှယင်ရဲ့ အရှိန်အဝါက ပြောင်းသွားပြီ... ပြောချင်တာက သူ လုဇီယွင်ကို ထပ်ကြိုက်တော့မှာမဟုတ်ဘူး... အခုကစပြီး အလေးအနက်နေလိမ်မယ်... ယင်ယင့်အတွက် ကိုယ်ပိုင်လက်ထောက်နဲ့ စီစဉ်ပေးထားလိုက်အုံး... သူတစ်ခုခုဖြစ်ခဲ့ရင် ငါရောလန်အာရောက မင်းကိုရော မင်းရဲ့ဌာနကိုပါ ခွင့်လွှတ်ပေးမှာမဟုတ်ဘူး" ဟူထျန်းပြောလိုက်သည်...

ဇာတ်ကြောင်းတွေကိုဖျက်ဆီးရတာ သဘောကျတယ်(ဘာသာပြန်)Where stories live. Discover now