10: 1.9 FSS_ Shameless Couple

431 48 0
                                    


Unicode

ဝမ်ထျန်းထွက်သွားတော့

အခန်းထဲရှိ တခြားလူတွေမှာ အံ့ဩမှင်သက်လျက်ကျန်ခဲ့လေ၏... အထူးသဖြင့် ဒီကမ္ဘာရဲ့ ဇာတ်လိုက်နှစ်ယောက်ဖြစ်သည်... ထိုအချိန် ဒါရိုက်တာတွေနဲ့ producers တွေရဲ့ စိတ်သက်သာရာရစွာ သက်ပြင်းချသံအကျယ်ကြီးကို အားလုံးကြားနိုင်လေ၏...

လုဇီယွင်တောင်မှ သူ့သူဌေးက သူ့အရင်ရည်းစားနောက်ကို လိုက်သွားတာမြင်တော့ မမေးဘဲမနေနိုင်တော့ချေ... ရုတ်တရတ်ကြီး ရှယင်ဒေါသထွက်လာကိုမြင်တော့ သူသိပ်မအံ့ဩပေမဲ့ ရှယင်ရဲ့တကယ့်စရိုက်အမှန်ကိုတော့ ဘယ်သူမှမသိဘူးဆိုတာ သူသိသည်...

Hotelမှာရှယင်ငိုတဲ့နေ့တုန်းက ရှယင်အကြောင်း ကောလဟာလတွေကို နာမည်ဝှက်နဲ့ဖော်ထုတ်ထားတဲ့ videoတွေကို မတူညီတဲ့ရှုထောင့်တွေကနေ ပြန်ကြည့်လိုက်တော့မှ ရှယင်သရုပ်ဆောင်နေတာကို သူသိခဲ့ရလေ၏...

ဒီ videosတွေကို တင်တဲ့လူကလည်း အခြားလူမဟုတ်ဘဲ ရှယင်ပဲဆိုတာကို သူသိသည်... သက်သေပြစရာမရှိပေမဲ့ ဒီvideosတွေကိုမြင်တဲ့အချိန်မှာ ရုတ်တရတ်ကြီး ရှယင်အပေါ်ပိုစိတ်ဝင်စားလာပြီး ရှယန်အပေါ်ကိုတော့ စိတ်ဝင်စားမှုတွေလျော့နည်းသွားတယ်ဆိုတာ သူသတိထားမိလိုက်သည်...

ဟင်း....

လုဇီယွင်က ဒါရိုက်တာတွေနဲ့ producersတွေကို မေးလိုက်၏... "တစ်ဆိတ်လောက်... ဒါရိုက်တာချန်... ဥက္ကဌနဲ့ ရှယင်ကြားက ဆက်ဆံရေးကို ကျွန်တော်သိလို့ရမလား"

သူ့အရင်ရည်းစားက ရှယင်ဖြစ်တယ်ဆိုတာကို သူတို့သိတာကြောင့် လူအိုကြီးတွေက သူ့အား မျက်မှောင်ကြုတ်ကာကြည့်လေသည်... သို့ပေမဲ့ သူတို့ဥက္ကဌက ရှယင်ကို လိုက်နေတယ်ဆိုတာ သူတို့သတင်းရပြီးတာကြောင့် ဘာပဲဖြစ်နေဖြစ်နေ လုဇီယွင် ဘာမှမလုပ်နိုင်ဘူးဆိုတာ သူတို့သိ၏... ဘာလို့လဲဆိုတော့ ဥက္ကဌက လုဇီယွင်ရဲ့အနုပညာအလုပ်ကို ချုပ်ကိုင်ထားတာကြောင့်ပင်...

ရုပ်ရှင်ဧကရာဇ်နဲ့ Empireရဲ့ဧကရာဇ်.... နှစ်ယောက်လုံးကို ဧကရာဇ်လို့ခေါ်ပေမဲ့ အဆင့်အတန်းကတော့ တော်တော်လေးကို ကွာခြားသည်... တစ်ယောက်က သရုပ်ဆောင်ခြင်းမှာ အားလုံးကိုကျော်ကာ လွှမ်းမိုးထားပြီး နောက်တစ်ယောက်ကတော့ အနုပညာလောကတစ်ခုလုံးကို လွှမ်းမိုးချုပ်ကိုင်ထားလေသည်...

ဇာတ်ကြောင်းတွေကိုဖျက်ဆီးရတာ သဘောကျတယ်(ဘာသာပြန်)Where stories live. Discover now