1.12 FSS_(Extra-1)Courtship and Proposal

472 30 0
                                    

Unicode

'Scarlet Heaven'ရုပ်ရှင်မှာ ကျင့်ကြံခြင်းလောကဖြစ်တဲ့  Xianxiaကို အခြေခံထားတာဖြစ်ပြီး ဇာတ်ကြောင်းကတော့ ဆရာ တပည့်ကြားက ဆက်ဆံရေးကို အသားပေးထားတာပင်... ဆရာကတော့ လမ်းမှန်ကျင့်ကြံသူဖြစ်ပြီး တပည့်ကတော့ ကျင့်ကြံဆင့်မြန်မြန်တိုးတက်ဖို့အတွက် မိစ္ဆာကျင့်ကြံရေးလမ်းစဉ်ကို လျှောက်လှမ်းခဲ့တာဖြစ်၏...

ဇာတ်လမ်းမှာ တပည့်ဖြစ်သူက မိစ္ဆာလမ်းစဉ်ကိုသုံးပြီး သူ့ဆရာရဲ့ကျင့်ကြဆင့်ကို မနာလိုဖြစ်နေတဲ့ ကြောင်သူတော်ကျင့်ကြံသူတွေဆီကနေ ဘယ်လိုကာကွယ်သလဲ ဆိုတာဖြစ်သည်... သူ့ဆရာရဲ့ကျင့်ကြံဆင့်မှာ သေမျိုးကမ္ဘာတွင် အမြင့်ဆုံးဖြစ်နေတာကြောင့် တခြားလူတွေ မနာလိုဖြစ်နေကြတာပင်... ဇာတ်လမ်းထဲတွင် ရုပ်ရှင်ဧကရာဇ်လုဇီယွင်က ဆရာအဖြစ်သရုပ်ဆောင်ပြီး ရှယင်ကတော့ မိစ္ဆာလမ်းစဉ်လိုက်တဲ့ ကျင့်ကြံသူတပည့်အဖြစ် သရုပ်ဆောင်ထားလေသည်...

သူတို့ကြားမှာ မရေရာတဲ့ romance relationship တွေပါပေမဲ့ ဒါရိုက်တာက အားလုံးဖယ်ထုတ်သည်... နောက်ဆုံးမှာတော့ ဇာတ်လမ်းထဲရှိ ဇာတ်လိုက်မှာ အဖြောင့်တစ်ယောက်အဖြစ်သာ အဆုံးသတ်သွားခဲ့၏...  ကလေးကလားဆန်တဲ့ ဒါရိုက်တာဝမ်ထျန်းမှာတော့  သူ့ချစ်သူလေးက လုဇီယွင်နဲ့ အထိအတွေ့နည်းစေချင်တာကြောင့် ဇာတ်လမ်းကို Harem typeအဖြစ် အခြေခံလိုက်လေသည်... ထိုအခါ ဝန်ထမ်းတွေနဲ့ သရုပ်ဆောင်တွေမှာ သူတို့ဥက္ကဌရဲ့ ကလေးဆန်တဲ့ သဝန်တိုမှုတွေကိုကြည့်ရင်း သက်ပြင်းသာချလိုက်လေတော့၏... 

တစ်ဖက်မှာတော့ ရှယင်က ဇာတ်လမ်းထဲတွင် သူ့ဆရာအပေါ် အလွန်လေးစားရိုသေတဲ့ပုံစံကို သရုပ်ဆောင်နေရင်း ဝမ်ထျန်းရဲ့ ကို့ရို့ကားယားလုပ်နေမှုတွေကြောင့် မျက်လုံးလှိမ့်လိုက်လေသည်... ဇာတ်လမ်းတွင် တပည့်ဖြစ်သူက သူ့အား စိတ်ရိုင်းဝင်စေသည့် မိစ္ဆာလမ်းစဉ်ကိုစွန့်လွှတ်ပြီး ဆရာဖြစ်သူကို အစွမ်းကုန်ကာကွယ်ဖို့အတွက် ကိုယ့်ကိုယ့်ကို အနစ်နာခံခဲ့တာကြောင့် ဇာတ်သိမ်းက အလွန်လှပနေခဲ့သည်... 

ရုပ်ရှင်ဧကရာဇ်တစ်ယောက်ဖြစ်သည့် လုဇီယွင်ရဲ့ သရုပ်ဆောင်ချက်တွေနဲ့ ရှယင်ရဲ့ ပြီးပြည့်စုံတဲ့သရုပ်ဆောင်ချက်တွေပါ ပါဝင်တာကြောင့် ဇာတ်ကားရုံတင်သည့်နေ့တွင် ရုပ်ရှင်ရုံများ၌ လူအပြည့်ဖြစ်နေ၏... ဒါရိုက်တာရော သရုပ်ဆောင်တွေကပါ ထိပ်တန်းဖြစ်တာကြောင့် လူတွေမှာ ရုပ်ရှင်ကြည့်ဖို့အတွက် တန်းစီစောင့်နေရသည်... လအနည်းငယ်အတွင်းမှာပင် 'Scarlet Heaven' ရုပ်ရှင်မှာ ဝက်ဝက်ကွဲအောင်မြင်လာလေသည်...

ဇာတ်ကြောင်းတွေကိုဖျက်ဆီးရတာ သဘောကျတယ်(ဘာသာပြန်)Where stories live. Discover now