11: 1.10 FSS_End of the slag couple

435 44 0
                                    


Unicode

Hotel တွင်

ညသန်းခေါင်ရောက်တော့ မမျှော်လင့်ထားဘဲ ကုမ္ပဏီကလူတွေက ဝမ်ထျန်းကိုခေါ်တာကြောင့် ရှယင်အား ခေါင်မိုးထပ်တွင် သူပြန်လာမှာကိုစောင့်ရင်း တစ်ခုခုသောက်နေဖို့မှာကာ ရှယင်အား တစ်ယောက်တည်းထားခဲ့သည်... ဒါပေမဲ့ အမှန်တကယ်ကတော့ ဒီလိုမဟုတ်ပေ...

ဝမ်ထျန်းဘာလို့ ထွက်သွားရတာလဲဆိုတော့ ရှယင်က ဂြိုဟ်တုကို ထိန်းချုပ်ပြီး Systemအား Empireကုမ္ပဏီ Firewallရဲ့ ကို ဝင်တုက်ခိုက်ဖို့ ပြောလိုက်တာကြောင့်ပင်...

{ကျွန်တော်လုပ်ပြီးပါပြီ သူတစ်နာရီလောက်တော့ ပြန်လာသေးမှာမဟုတ်ဘူး}

"တော်တယ် Exe" ရှယင်ပြန်ဖြေလိုက်၏...

{တစ်မိနစ်အတွင်း ဇာတ်လိုက်Shou ရောက်လာပါတော့မယ် သူဓားတစ်ချောင်းလည်းယူလာတယ်...ဂရုစိုက်ပါ...Host}

"မေးစရာရှိတယ် အကယ်၍ ဒီအဆင့်မှာ ငါသေသွားရင် တာဝန်ပြီးပြီလို့ သတ်မှတ်လို့ရလား ငါ့ကို နက်နက်ရှိုင်းရှိုင်းချစ်မိသွားတဲ့ ဇာတ်လိုက်Gongရဲ့ရှေ့မှာ ဇာတ်လိုက်Shouက သူ့လက်နဲ့ ငါ့ကိုသတ်လိုက်ပြီးရင်ပေါ့... သူ ဇာတ်လိုက်Shouကိုမုန်းသွားနိုင်တယ်မလား.... ပြီးတော့ သူတို့ရဲ့ဇာတ်လိုက် အရောင်အဝါတွေလည်းပျောက်သွားလိမ့်မယ်... ပြီးတော့ အဆုံးမှာ နှစ်ယောက်လုံး ရူးသွားလိမ့်မယ်" ရှယင်က ဆွံ့အနေပြီဖြစ်တဲ့System ကို ပြောလိုက်သည်...

စားပွဲထိုးဝတ်စုံဝတ်ထားတဲ့ ရှယန်က အတွက် စားစရာလှည်းကို သယ်လာကာ သူ့ရှေ့တွင်ပေါ်လာလေ၏..

"Mr.ရှ.... Mr.ဝမ် စီစဉ်ပေးခဲ့တဲ့ အစားအသောက်တွေပါ" ခေါင်းငုံ့ထားတဲ့ စားပွဲထိုးကဆိုသည်...

Showတစ်ခုကိုကြည့်နေသလို ရှယင်က စားပွဲထိုးဝတ်စုံဝတ်ထားတဲ့ရှယန်အား စိုက်ကြည့်နေ၏... "မတွေ့ရတာကြာပြီနော်... ငါ့ရဲ့ချစ်လှစွာသော အမြွှာညီငယ်လေး ရှယန်" ရှယင်က စနောက်သည့်လေသံနှင့်ပြောလိုက်သည်...

သူ့အစ်ကိုရဲ့လေသံကိုကြားလိုက်တဲ့ရှယန်မှာ ဒီလူက ထောက်ချောက်ကိုသိနေပြီးသားဆိုတာ သူသိလိုက်လေ၏... အကြောသေစေတဲ့ဆေးကို ဝိုင်ထဲတွင် ခတ်ထားတာတောင်မှ ရှယင်က ရှယန်ရဲ့ရှေ့တွင် ဝိုင်ကို ဆက်သောက်နေဆဲဖြစ်သည်...

ဇာတ်ကြောင်းတွေကိုဖျက်ဆီးရတာ သဘောကျတယ်(ဘာသာပြန်)Where stories live. Discover now