1. 1.0 Prologue- In the System before the first world

819 60 0
                                    


Unicode

ဟေးအန်ကျင်းသည် အလွန့်အလွန်မှ ပျင်းသည့်လူဖြစ်သည်... ဘယ်လောက်တောင်လဲဆိုရင် အိပ်နေရင်းဖြင့် သေသွားကာ နိုးမလာတေ့ပေ...

သူအိပ်မက်မက်နေတာလား မသိပေ... သို့သော်လည်း သူမျက်လုံးဖွင့်ဖွင့်ချင်း ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ သူရင်းနှီးတဲ့နေရာမဟုတ်တာကို တွေ့လိုက်သည်... ဟေးအန်ကျင်း လျှောက်ပတ်ကြည့်လိုက်တော့ ရင်းနှီးနေပေမဲ့ မရင်းနှီးသလို မမှတ်မိတဲ့နေရာတစ်ခုဆိုတာ ခံစားမိလိုက်၏...

ရေခဲနှင့် မီးတွေတည်ရှိနေပြီး သူ့ဘေးပတ်ပတ်လည်မှာ အေးခဲရင်အေးခဲ မဟုတ်ရင် လောင်ကျွမ်းနေကြသည်... ကမ္ဘာကြီးကိုယ်တိုင်က ပျက်ဆီးနေပြီး သစ်ပင်တွေ အိမ်တွေမရှိပဲ မီးနဲ့ရေခဲတွေသာရှိသည်.... သို့သော် သူ့အာရုံမှာရောက်နေတာက ပျက်စီးနေတဲ့ကမ္ဘာကြီးကို သူဘယ်လိုရောက်လာတာလဲဆိုတာမဟုတ်ဘဲ သူ့ရှေ့ရှိ ချောမောလှတဲ့လူဖြစ်၏... ထိုသူက သူ့ပေါင်ပေါ်မှာ ခေါင်းအုံးထားပြီး အသက်ရှူသံကို မကြားရပေ... ဒီလူက သေဆုံးနေတာပင်...

ဟေးအန်ကျင်းရဲ့လက်မောင်းတွေက ဒီလူရဲ့ခေါင်းကို အဖိုးတန်ရတနာတစ်ခုလို မြတ်မြတ်နိုးနိုး ဖက်ထားသည်... သို့သော် ကံမကောင်းစွာဖြင့် ဒီလူရဲ့ရင်ဘတ်မှာ ဒဏ်ရာကြီးတစ်ခုရှိကာ နှုတ်ခမ်းထောင့်မှာလည်း သွေးတွေစီးကျနေလေ၏....

သူ့ရင်ခွင်ထဲကလူမှာ အသက်မရှိတော့ချေ... တစ်ချက်ကြည့်ရုံနဲ့ ဒီလူသေပြီဆိုတာ သိနိုင်လေသည်... သူ့စိတ်ထဲမှာ တစ်ခဏလောက် ဗလာဖြစ်သွားပြီးနောက် မျက်လုံးကနေ မျက်ရည်တွေက ပါးပေါ်သို့စီးကျလာလေသည်... သို့သော် ထိုမျက်ရည်တွေမှာ ဒီလူ့အပေါ် အနီရောင်အရည်တွေအဖြစ်စီးကျသွားလေ၏... ဒါကသွေးတွေပင်... သိသာစွာပင် သူ သွေးမျက်ရည်ကျနေတာဖြစ်လေသည်...

ချောမော့လှတဲ့ ဒီလူ့အပေါ်ကျနေတဲ့ သွေးမျက်ရည်တွေကို သုတ်ချင်ပေမဲ့ သူ့ခန္ဓာကိုယ်ကို သူထိန်းချုပ်လို့မရတော့ဘဲ သူကိုယ်တိုင်ရဲ့ပါးစပ်ကနေပြောလိုက်တဲ့ အသံကိုသာ ပြန်ကြားလိုက်ရလေသည်... "ကျွန်တော် ခင်ဗျားကိုလွှတ်မပေးဘူး... ခင်ဗျားမသေရဘူး... ဒီအရှင်သခင်က ခင်ဗျားကိုရွေးချယ်ထားတာမလို့ ထာဝရတိုင်အောင် ခင်ဗျားက ကျွန်တော့်အပိုင်ပဲ!"

ဇာတ်ကြောင်းတွေကိုဖျက်ဆီးရတာ သဘောကျတယ်(ဘာသာပြန်)Where stories live. Discover now