3. 1.2 First Small Star_Xia Ying

525 59 0
                                    


Unicode

"ပိုင်းလုံးလိုကောင်"

ရှယင်ဟာ ဇာတ်လိုက် ဘယ်လောက်တောင်အရူးထနေလဲဆိုတာကိုကြည့်ပြီး မှတ်ချက်ပေးလိုက်သည်... နည်းနည်းလောက် သရုပ်ဆောင်ပြလိုက်တာနဲ့ လွယ်လွယ်ရှင်းလို့ရသွားတယ်...

{Hotelမှာ Hostတို့ကိုဖမ်းမိခဲ့တဲ့ သတင်းထောက်တွေကို ဒီသတင်းမဖြန့်ဖို့ ခြိမ်းခြောက်ထားပါတယ်... ကျွန်တော်လည်းrecord လုပ်ထားပါတယ်... ဖြန့်လိုက်စေချင်လား}

"အခုတော့ မလုပ်နဲ့အုံး... သိမ်းထားလိုက်" ရှယင်ပြောလိုက်သည်...

အိမ်ထဲမှာ သူနဲ့Systemကလွဲပြီး အခြားလူမရှိတာကြောင့် စိတ်ထဲကမဟုတ်ပဲ ပုံမှန်အတိုင်းစကားပြောနေလိုက်၏...

{ကောင်းပါပြီHost}

Hotelမှာ ဖမ်းမိတဲ့ သူနဲ့ လုဇီယွင်ရဲ့ အရှုပ်တော်ပုံကို ဆိုင်းငံ့ထားပုံရတယ်... ဒါက Empire Entertainment လုပ်လိုက်တာဖြစ်နိုင်သည်...

နေ နဲ့ လ အမြွှာအကြား၌ ရှယင်ကသာ Empire Emtertainmentကဖြစ်ပြီး ရှယန်ကတော့ Silverလို့ခေါ်တဲ့ ဒုတိယအဆင့် Entertainment တစ်ခုကဖြစ်သည်... ရှယန်က ရုပ်ရည်ကလွဲပြီး အရည်အချင်းက Empire Entertainment က စံနှုန်းတွေကို မမှီတာကြောင့် ဝင်နိုင်စွမ်းမရှိပေ...

ဆန်ကုန်မြေလေး Gongရဲ့အခြေအနေတွေကို ကြည့်ပြီးနောက် ရှယင်တစ်ယောက် အပျင်းပြေသွားပေမဲ့ အရမ်းတော့မဟုတ်ပေ... သူဟာ မုန့်စားရင်း ဇာတ်လိုက်နှစ်ယောက်လုံးကိုထိုင်ကြည့်နေသည်...

တခြားတစ်ဖက်မှာတော့ ရှယန်ဟာ ဘုရင်မတစ်ပါးလို ပြုမူနေ၏.... တရားဝင်မဟုတ်ဘဲ make-up artists နဲ့ stuffs တွေကို ဆူပူနေလေသည်...

အားလုံးရှင်းလင်းသွားတဲ့အထိ သူနဲ့ လုဇီယွင်မှာ နှစ်ရက်လောက်နားနေရ၏...

လက်ရှိအချိန်တွင် ရှယင်က ရုပ်ရှင်ကြည့်နေတုန်း ဖုန်းသံမြည်လာသည်... သူ့agentဆီကဖြစ်ပြီး အလုပ်တချို့ လက်ခံရကြောင်း ပြောတာဖြစ်၏...

Ring Ring....

ရှယင် ဖုန်းဖြေလိုက်သည်... "ဟယ်လို... ရှယင်ပြောနေပါတယ်"

"မင်းသား... ကော မင်းအတွက် အလုပ်နှစ်ခုလက်ခံထားတယ်... တစ်ခုက အမျိုးသားရေမွှေးကြော်ညှာ၊ နောက်တစ်ခုက 'ရွှယ်ကျင်းရဲ့ပုံပြင်' မှာ ဗီလိန်ဇာတ်ရုပ် ဒုတိယဇာတ်လိုက်နေရာအတွက် လူရွေးပွဲ.... အဲ့ဒါက Horror movieတစ်ခုဖြစ်တယ်"

ဇာတ်ကြောင်းတွေကိုဖျက်ဆီးရတာ သဘောကျတယ်(ဘာသာပြန်)Where stories live. Discover now