CHAPTER - 5 [Unicode]

526 53 3
                                    

"အချစ်!!"

အခန်းထဲဝင်ဝင်ချင်း၌ပင် ချိုသာသည့်အသံတစ်ခုထွက်လာကာ
လက်နှစ်ဖက်ကိုဆန့်တန်းရင်း သူ့ရင်ခွင်ဆီ
ခိုဝင်ကာ ပြောလာသော Olivia

လက်တစ်ဖက်နှင့်ပွေ့လျှင်တောင်
Frederickရင်ခွင်ထဲမြုပ်သွားနိုင်သည့် ခန္ဓာကိုယ်ငယ်က အင်မတန်သေးသွယ်လှ၏။

နှာခေါင်းဝ၌ကျီစယ်နေသည့်
မွှေးပျံ့သည့် ကိုယ်သင်းရနံ့ခပ်မွှေးမွှေးကြောင့် Frederick ၏ စိတ်အကုန်သည် ကြည်လင်‌အေးချမ်းသွားရ၏။

Frederick နှင့်ယှဉ်လျှင် အင်မတန်သေးငယ်လှသည့် ခန္ဓာကိုယ်ငယ်၏ လက်သွယ်သွယ်များက သူ့လည်တိုင်ကိုချိတ်ဆွဲထားကာငြိမ်သက်နေ၏။

သူကိုယ်တိုင်လည်းရင်ခွင်ထဲဝင်လာခဲ့သည့် ချစ်ရသူကို တင်းနေအောင်ပွေ့ဖက်ထားကာလည်တိုင်နုနုကြား မျက်နှာအပ်လိုက်ပြီး လွမ်းနေ‌ခဲ့ကြောင်း ‌သိစေ၏။

"လွမ်းနေခဲ့တာ"

ဖက်တွယ်ထားသည့် ကိုယ်နှစ်ခုကိုခွာလိုက်ပြီး Frederickကို သေချာကြည့်ကာ ပြောလာသည့်စကားတစ်ခွန်း

ဖြူဖြူသွယ်သွယ်လက်တစ်စုံက Frederick ၏မျက်နှာကို ပွတ်သပ်လာပြီး ထိုမှတစ်ဆင့်အောက်သို့လျှောဆင်းသွားကာ

အဆုံးသတ်ဦးတည်ချက်သည်ကား
အားလုံးကိုအမိန့်ပေးနိုင်သော နှုတ်ခမ်းပါးထက်သို့..

Frederick ငြိမ်သက်နေ၏။
Oliviaသည် အမြဲသူ့အပေါ်လွှမ်းမိုးနိုင်စွမ်းရှိ၏။
နီရဲနေသောနှုတ်ခမ်းဖူးဖူးများ၊ညှို့ယူနိုင်စွမ်းရှိသော အကြည့်များ‌အပေါ် Frederick ဘယ်တုန်းကမှရုန်းမထွက်နိုင်ခဲ့။

လူကောင်သေးသလို အဆိပ်လည်းသိပ်ပြင်းလှသည့် Oliviaသည်
တစ်နည်းပြောရလျှင် Frederick ချစ်မြတ်နိုးရသည့် အမျိုးသမီးဖြစ်၏။

တစ်ယောက်နှင့်တစ်ယောက်
တော်တော်ကြာ အပြန်အလှန်စိုက်ကြည့်နေကြသော မျက်ဝန်းနှစ်စုံ..

စကားပြောခြင်းလည်းမရှိကြဘဲ
ငြိမ်သက်စွာသာ။

ထို့နောက်မှာတော့ Frederick သည်
ခေါင်းကိုအနည်းငယ်ငုံ့ကိုင်းလိုက်၏။

LORD OF ALL {Ongoing}Where stories live. Discover now