CHAPTER - 20 [Unicode]

492 35 1
                                    

"ခုလိုသတိတရနဲ့လှမ်းမေးတာကိုပဲ ကျေးဇူးတင်ပါတယ်"

"..........."

"ဟုတ်ပါ့ဗျာ။ပေးတဲ့၊ကျွေးတဲ့လက်ကိုပြန်ကိုက်ချင်နေကြတာလေ"

"........."

"မကြာတော့ပါဘူး။မိရင်တော့ လူ့ဘဝမှာလူမဖြစ်ချင်တော့လောက်အောင်ကို စိတ်ပျော်ရွှင်မှုတွေကို လက်ဆောင်အဖြစ်ထည့်ပေးလိုက်မှာ"

တစ်ဖက်ကဘာတွေပြောနေမှန်းမသိပေမယ့် frederick၏ အသံတို့ကပုံမှန်ထက်
အေးစက်နေတာတော့အမှန်။

ကျသွားသည့်ဖုန်းကို ဘောင်းဘီအိတ်ထဲထည့်လိုက်ရင်း လက်နှစ်ဖက်ကိုပါညီတူဝင်စေလျက် ခြေလှမ်းတို့က basementဆီသို့ဦးတည်နေ၏။

Basementရှေ့ရောက်‌တော့ အပေါက်ဝမှာစောင့်နေသည့်Evanက အရိုအသေပြုကာရှေ့ကဦးဆောင်ကာသွားသည်မို့ နောက်မှလိုက်ဝင်သွား၏။

အလုံပိတ်ဖြစ်နေသည့်အခန်းက လျှပ်စစ်မီးလည်းမဖွင့်ထားသလို အလင်းရောင်မဝင်နိုင်‌သောကြောင့် မှောင်ပိန်းပိန်းဖြစ်နေ၏။

တစ်နေရာတည်းသာ ကွက်ပြီးလင်းနေသောနေရာ၌မူ လူတစ်ဦးကဒူး‌ထောက်‌နေလျက် လက်နောက်ပစ်ပြီးကြိုးတုပ်ခံထားရသလို ခန္ဓာကိုယ်မှာလည်း ခြောက်ကပ်နေသည့်သွေးတို့ကဟိုတစ်ကွက်၊ဒီတစ်ကွက်။

တဒေါက်ဒေါက်မြည်နေသည့် ရှူးဖိနပ်သံဟာခြောက်ကပ်နေသည့်အခန်းအတွင်း
ထိတ်လန့်တုန်လှုပ်ဖွယ်။

ဖိနပ်သံနီးကပ်လာလေ ဒူးထောက်နေသည့်ထိုလူဟာ ပို၍လှုပ်ရှားမှုပြုလာလေ။

တစ်စတစ်စမြင်လာရသည့် ရှူးဖိနပ်တစ်စုံ။
ထို့အတူ အရှေ့တည့်တည့်မှရောက်လာသည့်
အေးစက်စက်အငွေ့အသက်။

ကြောက်ရွံ့စွာမော့ကြည့်မိတော့ ငုံကြည့်နေသည့်မျက်လုံးတစ်စုံဟာစူးရဲနေလျက်။

"တောင်းပန်ပါတယ်Lord ခွင့်လွှတ်ပေးပါ"

တုန်တုန်ယင်ယင်အသံတွေဟာ တည်ငြိမ်ဖို့ကိုတောင်မစွမ်းဆောင်နိုင်တော့။
ခုနေချိန်မှမတောင်းပန်မိလျှင် သူ့အသက်ဟာတည်မြဲဖို့ မဖြစ်နိုင်။

LORD OF ALL {Ongoing}Όπου ζουν οι ιστορίες. Ανακάλυψε τώρα