CHAPTER - 10 [Zawgyi]

164 10 0
                                    

ခပ်မှိန်မှိန်အလင်းရောင်အောက် တဖွဲဖွဲကျနေသည့်နှင်းများကမရပ်မနား။

နာရီဝက်ကြာမှ တစ်စီးဖြတ်သွားတတ်သည့်ကားများက နှင်းများကြောင့် လမ်းကြောပိတ်နေ၍လားတော့မသိ။

အချိန်စောသေးသော်လည်း
သွားလာသူနည်းပါး‌နေသည်မလို့ တိတ်ဆိတ်နေသည့် Madrid မြို့၏ညအချိန်က Frederickအတွက်စိမ်းသက်နေသလို။

ရှေ့ရှိမှတ်တိုင်ကိုမြင်မိခါမှ ဒီနေရာကို 7နှစ်ကြာမှ ဒုတိယအကြိမ်လာဖြစ်ကြောင်းကို အမှတ်ရ၏။

အရင်တစ်ချိန်က ကားမှတ်တိုင်၌ငိုယိုနေခဲ့သည့် ကောင်လေးတစ်ယောက်အား ချော့မော့ခေါ်ဆောင်ခဲ့ဖူးသည့် ပုံရိပ်တို့အားပြန်မြင်မိတော့ စိတ်တို့ထဲ အတွေးများဝင်လာ၏။

နှင်းဖုံးနေသည့်ခုံကို လက်ဖြင့်အသာအယာဖယ်ရှားကာ ထိုင်လိုက်ရင်း
အတွင်းအိတ်ထဲရှိထည့်ထားသည့်
အပြာရောင်ဒိုင်ယာရီ စာအုပ်ငယ်လေးကို အမှတ်မထင်ထုတ်မိတော့

စိတ်တို့က 7နှစ်တာအတွင်း
ယောင်လို့တောင် မရောက်ခဲ့ဖူးသော
တစ်ယောက်သောသူဆီမှာ။

မယူလာဘဲထားခဲ့ရန်စဉ်းစားခဲ့သော်လည်း
သိချင်သည့်အကြောင်းအရာများက ဒိုင်ယာရီထဲ၌သာရှိသည်မို့ လမ်းတစ်ဝက်ရောက်မြှပန်လှည့်ယူရသည့်အဖြစ်။

"ကျွန်တော်တကယ်ကိုပင်ပန်းနေပြီ"တဲ့

ခံစားချက်များ‌ပါဝင်သည့် အရေးအသားစာမျက်နှာများစွာ၏ အောက်ဆုံး၌
အမြဲပါတတ်သော လက်ရေးဝိုင်းဝိုင်းတွေကြောင့်

ဘာရယ်မဟုတ် အားနာစိတ်တစ်ချို့တော့
ဝင်မိသား။

သူ့မြင်ကွင်းရှေ့ရောက်လာတိုင်း
ငြိမ်သက်သွားတတ်သည့်၊ခေါင်းအမြဲငုံ့ထားတတ်သည့် ကောင်လေးက
ထိုအကြောင်းကြောင့်တဲ့လား။

အရေးအသားကိုကြည့်ရုံနှင့်ပင် နာကျင်ခဲ့ရမှုများ ပါဝင်နေသည့်အတွက် အဆုံးထိတိုင်အောင် သူဆက်မဖတ်ဖြစ်တော့သည်အထိ။

တကယ်ဆို Ianအခန်းထဲကိုသူမဝင်ခဲ့သင့်။

ဝင်ဖြစ်ခဲ့ရင်တောင် ဒီစာအုပ်ကို မတွေ့ခဲ့သင့်။

LORD OF ALL {Ongoing}Where stories live. Discover now