CHAPTER - 6 [Unicode]

475 50 0
                                    

UKRAINE နိုင်ငံ၊မြို့တော် KYIV

မီးရောင်စုံထိန်ထိန်လင်းနေသည့်
ခန်းမကြီးတစ်ခုထဲ၌ ရောင်စုံအသီးသီးသောလူများကစကားစမြည်ပြောကာ ရယ်မောနေကြလျက်။

တန်ဖိုးကြီးပစ္စည်းများဖြင့်သာ အလှဆင်ထားသည့် အဆင်တန်ဆာများ၊ခန်းမဆောင်၏ အထက်တန်းကျပုံကိုကြည့်ခြင်းအားဖြင့် တက်ရောက်လာကြသူများသည် ပေါ့သေးသေးတော့မဟုတ်တန်။

ခန်းမ၏ အလယ်၌ အမျိုးမျိုးသော အမျိုးသမီးများက သူတို့၏တွဲဖက်များနှင့် ကနေကြကာ ထိုကခုန်နေကြသော အတွဲများသည် ဆယ်တွဲထက်မနည်းရှိ၏။

ထိုထဲမှာမှ လူအများ၏ အာရုံကိုပို၍ ဆွဲဆောင်နိုင်သည့် အတွဲတစ်တွဲ။

အနီရောင်ပိုးသားဂါဝန်အား သွယ်လှသေးသွယ်သောခန္ဓာကိုယ်၌ ဝတ်ဆင်ထားပြီး ရွှေအိုရောင်ဆံနွယ်ခွေများကို ကျောပေါ်၌ဖြန့်ချထားလျက် ကနေပါသော အမျိုးသမီး။

ထိုအမျိုးသမီး၏ ခါးသွယ်သွယ်ကို
လက်တစ်ဖက်နှင့် ‌ထွေးဖက်ထားကာ
အမျိုးသမီး၏ ဆံနွယ်များကို နမ်းရှိုက်ရင်း
သံစဉ်အတိုင်းလိုက်ပါစီးမြောနေသော အမျိုးသားတစ်ဦး။

ရှည်လျားလှသည့်အရပ်အမောင်းက
အများကြားထဲထင်းထွက်နေကာ
တည်တံ့သောမျက်နှာက ထိုလူ၏ချောမောမှုကိုအထောက်အပံပေးနေ၏။

ကြီးမားလှသည့် ဩဇာအာဏာတို့ကို
ပိုင်ဆိုင်ထားမှုကြောင့်
လူအများ၏ အာရုံစူးစိုက်မှုက ထိုလူ့ထံပို၍သက်ရောက်သလို

ထိုအမျိုးသမီးအားကြည့်‌နေသော
အခြားအမျိုးသမီးများကလည်း အားကျမှုများပြည့်နေသည့်အကြည့်များဖြင့်။

"တက်ရောက်လာကြသော ဂုဏ်သရေရှိဧည့်သည်တော်ကြီးများခင်ဗျာ။
မကြာမီအချိန်အတွင်းမှာ လေလံပွဲစတင်ပါတော့မယ်"

နာရီဝက်လောက်အကြာမှာတော့ ခန်းမအတွင်းပျံ့နှံ့လာသည့် အသံကြောင့်
သီချင်းသံတိတ်သွားသလို
လူအားလုံးသည်လည်း နေရာ၌ ထိုင်ရန်သာ ပြင်ကြတော့၏။

သိပ်မကြာလိုက် ခန်းမတစ်ခုလုံးအမှောင်ကျသွားတော့သည်။

///////////////////////////////

LORD OF ALL {Ongoing}Tempat cerita menjadi hidup. Temukan sekarang