CHAPTER - 12 [Unicode]

483 51 4
                                    

တိတ်ဆိတ်သွားသည့်အခန်းက အပ်ကျသံပင်ကြားနိုင်လောက်၏။

တစ်ဦးနှင့်တစ်ဦးအပြန်အလှန်ကြည့်နေကြသည့်လူနှစ်ဦးလုံးသည် လှုပ်ရှားမှုမရှိဘဲ ကြည့်နေကြသည်မှာ ‌မျက်တောင်မခတ်စတမ်း။

"Lord"

နှုတ်ခမ်းဖျားမှ ခပ်တိုးတိုးဆိုရင်း
အကျင့်ပါနေသည့် အပြုအမူများ‌ကြောင့်
ထရပ်ရန်ပြင်မိတော့

နာကျင်နေသည့်ခန္ဓာကိုယ်ထက် အနည်းငယ်စူးအောင့်သွားသလို
ကျင်နေသည့်ခြေထောက်များကလည်း
မြဲမြံစွာရပ်တည်နိုင်စွမ်းမရှိခဲ့။

မကျန်းမာသေးသည့်ခန္ဓာကိုယ်က
ပြောင်သလက်နေသည့် ဖြူလွှလွှကြွေပြားများထက် ပြုတ်ကျတော့မည့်ပုံပေါ်ခဲ့သော်လည်း ကြွေပြား၏‌အငွေ့အသက်ကို
မခံစားလိုက်ရ။

ပုခုံးနှစ်ဖက်သည် နွေးထွေးသည့်လက်ဖဝါးကြီးများ၏ ဆုပ်ကိုင်ခြင်းကိုခံလိုက်ရကာ
အေးနေသည့် သူ၏ခန္ဓာကိုယ်က ဘေးနားရောက်သည့် lordကြောင့် အပူချိန်များတိုးလာသည်။

ပြီးနောက်သူ၏ခန္ဓာကိုယ်ယဲ့ယဲ့အား wheelchairပေါ်
အသာအယာထိန်းကိုင်ပေးကာ
ထိုင်စေလိုက်၏။

"အချိန်တိုင်းအရိုအသေပေးနေစရာမလိုပါဘူး။‌အဆင်ပြေသလိုသာနေ"

"......."

"ကျန်းမာရေးကို ဂရုစိုက်"

"ဟုတ်ကဲ့"

တိတ်ဆိတ်သွားပြန်သည့် အခြေအနေကြား
အနေရခက်မှုကသိသိသာသာ။
Lordကလည်းစကားဆက်ပြောမလာသလို Ianကိုယ်တိုင်ကလည်း ဘာပြောလို့ပြောရမယ်မှန်းမသိ။

ကြမ်းခင်းသို့ကြည့်နေသည့် အကြည့်များကို
နေရာလွှဲလိုက်ရင်း ဦးတည်ချက်များက
ဘေးရှိစားပွဲပေါ်သို့ ထိုင်ရုံမျှထိုင်နေသည့် lordထံသို့ရောက်ရှိသွား၏။

နံရံတွင်ချိတ်ဆွဲထားသည့် ပန်းချီကားသို့
ငေးကြည့်နေသည့်lordက ပန်းချီကား၏ အဓိပ္ပာယ်ကိုလည်းပုံဖော်နေပုံရသည်။

ရှေးခေတ်အပြင်အဆင်များဖြင့် တန်ဖိုးကြီးမားမှုကိုပေါ်လွင်အောင်ရေးဆွဲနိုင်သည့်လက်ရာများနှင့်ပန်းချီကားက တကယ်ကိုအသက်ဝင်လှ၏။

LORD OF ALL {Ongoing}Where stories live. Discover now