56,57,58,59,60,61,62,63,64,65,66,67,68,69,70,71!!
"မရပ်ကြနဲ့"
Training fieldထဲ တစ်သားတည်းထွက်လာသော ရွတ်ဆိုသံများက ငြိမ်သက်သွားခြင်း
မရှိခဲ့သလိုလေ့ကျင့်ရေးအပြင်းအထန်လုပ်နေကြသော ဂိုဏ်းသားများကလည်း ညီညာစွာ။
ရှေ့မှ ကြည့်နေသည့်Ian၏မျက်လုံးများကစူးရှ၏။
ခပ်တိုတိုဆံပင်၊ရှည်လျားလှသောအရပ်အမောင်းထက် ဝတ်ဆင်ထားသည့် ဝတ်စုံက သေသပ်စွာ။
ခါး၌ ပစ္စတိုတစ်လက်ချိတ်ထားကာ လက်ထဲ၌ စကားပြောစက်တစ်လုံးကိုင်ထားရင်း
ဘေးရှိOwenပြောသည့်စကားများအား
ငြိမ်သက်စွာနားထောင်နေ၏။နှုတ်ခမ်းမွှေးခပ်ပါးပါးက အစိမ်းရောင်သန်းနေသလို ချောမောသည့်မျက်နှာက တည်ငြိမ်နေ၏။
အထူးခြားဆုံးသည်မျက်လုံးပြာပြာများ။
"ဘုန်း"
မကြာလိုက်။ နောက်ဆုံးတန်းမှ လဲကျသွားသည့် ဂိုဏ်းသားတစ်ယောက်ကြောင့် လေ့ကျင့်ရေးလုပ်နေကြသည့်လူများက
ရပ်တန့်သွားကြပြီး တိတ်ဆိတ်သွားသည်မှာတိခနဲ။Ianတစ်ချက်ကြည့်လိုက်ပြီး နေရာသို့ လျှောက်သွားလိုက်တော့ လမ်းဖယ်ပေးလာကြ၏။
"ဘယ်လိုဖြစ်တာလဲ တစ်နာရီတောင်မပြည့်သေးဘူး"
"သူနေမကောင်းလို့ပါ"
ပြောလာသည့်ဘေးမှကောင်လေးတစ်ယောက်၏စကားကြားပြီးပြီးချင်း Ianမျက်နှာထက်၌ စိတ်ရှုပ်သည့်ပုံစံဖြစ်သွားသည်မှာသိသိသာသာ။
ကျန်လူများကလည်း သူ့မျက်နှာအခြေအနေကိုကြည့်ကာ အကဲခတ်နေကြ၏။
"အဲ့တာဆိုအစတည်းကမလာနဲ့လေ။နေမကောင်းမှန်းသိရဲသားနဲ့ ကိုယ့်ကိုယ်ကိုယ်ဂရုမစိုက်ဘူး။မင်းတို့ကလည်း ကိုယ့်သူငယ်ချင်း
နေမကောင်းတာကိုဒီအတိုင်းပဲကြည့်နေကြတာလား""သူကဒီမနက်အစောကြီးမြှဖစ်တာပါ။ဒီမနက်လေ့ကျင့်ရေးကိုမသွားရင်လည်း ခေါင်းဆောင် စိတ်တိုမှာဆိုးလို့ဆိုပြီး"
Ianသက်ပြင်းကြီးကြီးချလိုက်မိသည်။
နေမကောင်းသည့်လူကိုကြည့်တော့လည်း ဖြူစုတ်စုတ်။
YOU ARE READING
LORD OF ALL {Ongoing}
ActionThe contents of this story are written only with the writer's thoughts and ideas, and do not want to hurt or insult any person or society. Started date - 11.2.2022