CHAPTER - 7 [Unicode]

467 43 0
                                    

တောက်ပြောင်နေသော ကြွေသားခင်းထားသည့်လျှောက်လမ်းထက်၌ တစ်လှမ်းချင်းလျှောက်လှမ်းလာသော Frederick ၏ခြေလှမ်းများကြောင့် အရာအားလုံးတိတ်ဆိတ်သွားသလို

ဖြတ်သွားရာလမ်းတစ်လျှောက် လုံခြုံရေးယူနေကြသည့် လူများကလည်း သိသိသာသာအရိုအသေပြုကြ၏။

ထိုလုံခြုံရေးများသည် ယူကရိန်းနိုင်ငံ ဝန်ကြီးချုပ်၏ လူများဖြစ်သည့်တိုင်အောင်ပေါ့

Denmark နိုင်ငံသား Frederick Hansen ဆိုတာဘယ်လိုလူမျိုးမလို့လဲ

နိုင်ငံရေးသမားများ၊စီးပွားရေးသမားများ
အားလုံးကို လက်ခုပ်ထဲကရေလို သွန်ချင်သွန် ‌မှောက်ချင်မှောက် ပြောင်းပြန်ဖြစ်အောင် လုပ်ဆောင်နိုင်သောလူတစ်ယောက်

Europeတစ်ခွင် အာဏာရှိသူတိုင်းက
သူနှင့်ကင်းလွတ်သူဟူ၍မရှိ။

Frederick လက်အောက်မှထွက်သည့် လက်နက်မျိုးစုံ၊‌စစ်ဘက်ဆိုင်ရာသုံး ပစ္စည်းအားလုံးက
အားလုံးထက်သာလွန်နေတာမလို့ အထက်ပိုင်းသက်ဆိုင်ရာတွေက သူ့ကိုချည်းကပ်ကြတာမထူးဆန်း။

အထူးသဖြင့် စစ်နှင့်ကင်းလွတ်မှုမရှိဘဲ
အမြဲလက်နက်၊တိုက်ပွဲများနှင့်သာ
လည်ပင်းဖက်ပေါင်းနေရသည့် Ukraine,Afghanistan,Iran,Israle ....
စသည့်နိုင်ငံများက ပိုဆိုး၏။

အကျိူးလို၍ ညောင်ရေသွန်းပြီး ချည်းကပ်သူများရှိသလို အချိန်မရွေးရိုက်ချပုတ်ခတ်ပြီး အောက်ဆွဲချဖို့စောင့်နေသူများကလည်း ဒုနဲ့ဒေး

သို့ပေမယ့် Frederickဆိုတာ ဒီနေရာကိုလွယ်လွယ်နဲ့ရောက်ခဲ့တာမဟုတ်သည့်အတွက် တစ်ခဏလေးနဲ့ ယိုင်နဲ့သွားမည့်သူမဟုတ်။

ယိုင်နဲ့သွားလို့မရအောင်ကို သူ့အာဏာကနေရာတိုင်းမှာသက်ရောက်နေသလို
သူစေခိုင်းလိုက်တာနဲ့ သူ့ခြေရင်းမှာပြားပြားဝပ်လာကြမယ့် လူတွေကလည်း နိုင်ငံတိုင်း၏အကြီးပိုင်းဆိုင်ရာတွေချည်းသာ။

သူကိုယ်တိုင်ဝင်မဖြေရှင်းရင်တောင် အားလုံးကိုထိန်းချုပ်ဖို့ သူ့ရဲ့လက်ရုံးနှစ်ယောက်ဖြစ်တဲ့ Evan နဲ့ Silas ကသူ့ဘေးနားမှာ အသင့်ရှိနေခဲ့ပြီးသား

LORD OF ALL {Ongoing}Where stories live. Discover now