CHAPTER - 11 [Unicode]

505 51 2
                                    

စီးဆင်းနေသည့် စမ်းချောင်းငယ်လေး၏နံဘေး၌
တစ်ခုတည်းသောခြံဝင်းလေးတစ်ခုရှိ၏။

ထိုခြံဝင်းအတွင်း သစ်ပင်ပန်းပင်နှင့် ဟင်းသီးဟင်းရွက်စိုက်ခင်းများရှိကာ
ခပ်သေးသေးအိမ်ငယ်လေးကိုဆောက်လုပ်ထားသည်က ချစ်စဖွယ်အတိ။

ထို့အတူအိမ်ရှေ့ရှိ အပင်ကြီးအောက်၌
ထိုင်နေသည့်အမျိုးသားတစ်ဦးလည်းရှိ၏။

ထိုအမျိုးသားသည် ရှည်လျားလှသည့်ခြေတံနှစ်ဖက်ကို‌ဆန့်တန်းထားကာ ပေါင်ထက်၌
5နှစ်အရွယ်ကလေးငယ်တစ်ဦးကိုချီတင်ထား၏။

ထို့အပြင် ရှည်လျားလှသည့်အရပ်အမောင်းနှင့် ချောမောခန့်ညားလှသည့် ရုပ်ရည်သွင်ပြင်ရှိလည်း၏။

"Moonလေး"

ချိုချိုသာသာခေါ်လိုက်သည့်အမျိုးသား၏အသံက နူးညံ့သိမ်မွေ့စွာသာ။

"ဒါလေးကိုသဘောကျလား"

"ဟုတ်။ဒီလလေးက moonလေး ကြယ်လေးက daddy ပေါ့နော်"

ငွေရောင် လခြမ်းလေး၏အတွင်းဘက်၌ ကြယ်လေးရှိကာ ထိုကြယ်လေးအား ဆွဲထုတ်လိုက်လျှင်တော့ ကြယ်လေးကအပြင်ထွက်လာကာ လခြမ်း၏ ထိပ်၌ရောက်ရှိသွား၏။

ကြည့်လိုက်လျှင် လ၏ ထိပ်ဖျား၌ကြယ်ကလင်းလက်နေသကဲ့သို့။

"အင်း ဒီလလေးက ကြယ်လေးရှိမှ ပြည့်စုံမှာ။အဲ့တာကြောင့် လလေးအနားမှာရှိနေမှဖြစ်မှာလေ။ဒါပေမယ့် daddyအတွက်ကတော့moonလေးရှိနေမှဖြစ်မှာ"

Daddy ပြောသည့်စကားများကို
5နှစ်အရွယ်သူက အများကြီးနားလည်မှုတော့မရှိခဲ့။

"Daddy ကသားအနားမှာ တစ်သက်လုံးနေပေးမှာလားဟင်"

"နေပေးမှာပေါ့။daddy မှာmoonလေးတစ်ယောက်ပဲရှိတာကို"

ဖြူစွတ်နေသောအသားအရည်ထက်
သာမာန်အဝတ်အစားကိုသာ ဝတ်ဆင်ထားပြီး ပေါင်ပေါ်မှာထိုင်နေသည့်သူ့အားပြုံးပြနေသည့် Daddyသည်ကား တကယ်ကိုလှပ၏။

ကလေးအတွေးနဲ့ တွေး၍လားတော့မသိပေမယ့် daddyသည် အမျိုးသားတစ်ယောက်ဖြစ်ပေမယ့် တကယ်ကိုလှပပါ၏။

"တကယ်မလား"

"တကယ်ပေါ့"

5နှစ်သားလေး၏ တောင်းဆိုလာသည့်ကတိအား daddy သည် ကျေကျေနပ်နပ်ပင်သဘောတူညီလက်ခံခဲ့ပေသည်။

LORD OF ALL {Ongoing}Where stories live. Discover now