CHAPTER - 19 [Unicode]

436 38 1
                                    

‌တစက်စက်ကျနေသော မိုးရေစက်တို့ကိုကြည့်ရင်း သူ့စိတ်တို့က ဦးတည်ချက်မရှိ
လွင့်နေ၏။

အချိန်အခါမဟုတ်ထရွာလာသည့်
Parisမိုးတို့က သူ့ကိုအလွမ်းပိုစေသလိုလို။

မနက်1နာရီကိုကူးပြောင်းနေပေမယ့် ခုချိန်ထိမျက်လုံးများကို မှိတ်၍မရ။

သိပ်နှစ်သက်သည့်americanoတစ်ခွက်ကို
ပုံမှန်ထက်ပြင်းသည့်အရသာထက်ခါးတူးနေအောင်ဖျော်သောက်ချင်ပေမယ့်

အရင်တည်းကလက်ရည်ပါမလာခဲ့သည်သူက ဖြစ်သလိုရယ်ဒီမိတ်ကိုသာဖျော်သောက်မိ၏။

မိုးရွာရင် ကော်ဖီခါးခါးတစ်ခွက်ဖျော်သောက်ပြီး ရောက်တတ်ရာရာငေးမောတတ်တာက
45နှစ်ရောက်တဲ့အချိန်အထိမပြောင်းလဲ။

တကယ်တော့ဒီလိုအလေ့အကျင့်တွေက မောင်မရှိတော့မှ ဖြစ်ပေါ်လာခဲ့တာကတော့သေချာ၏။

Laptopကိုဖွင့်ကာထိုင်ခုံပေါ်ထိုင်လိုက်ရင်း
‌စားပွဲပေါ်ရှိ cigarettesအတိုအစများကို
မမြင်ချင်ယောင်ဆောင်လိုက်ပုံက မဟုတ်ရင် သူသောက်ထားတာမဟုတ်၍သူနဲ့မသက်ဆိုင်သလို။

အခုချိန်မောင်သာသူ့အနားမှာရှိနေရင်

"အနွယ် မောင်ပြောနေတယ်လေ"

ဆိုပြီးဂရုဏာဒေါသောအသံနဲ့များပြော‌
မလား။
ဒါမှမဟုတ်

"အနွယ်တစ်ယောက်နဲ့လည်း ခက်လိုက်တာကွာ"

ဆိုပြီးပဲ ပြောမရလို့လွှတ်ထားလိုက်လေ
မလား။

အမျိုးသားဖြစ်သူ မင်းထိုက်စံသာ၏ဆူပူနေသည့် ခပ်တည်တည်မျက်နှာကိုမြင်ယောင်မိတော့စိုင်းဝန်းအနွယ်မျက်နှာထက်အပြုံးတို့ကဖြစ်ပေါ်လာ၏။

လက်တို့ကလည်းlaptop‌ ပေါ်လှုပ်ရှားနေပြီးထိုထဲမှဓာတ်ပုံတွေကိုပြန်ကြည့်ရင်း
တစ်ယောက်တည်းစကားပြောနေမိသည်။

တကယ်တော့သူ့မှာရှိသမျှဖုန်းတွေ၊laptopတွေထဲမှာ ဒီဓာတ်ပုံတွေကသာ
အများဆုံးရှိနေခြင်းလေ။

"Parisမှာမိုးရွာနေပြီမောင်။မောင်တို့နေရာမှာရော"

"ဒီတစ်ခေါက်တော့မိုးရွာတာနည်းနည်းကြာတယ်သိလား။ငါတောင်တစ်ခါတစ်လေ
မောင့်အတိုင်းပဲ။မိုးရွာတာကိုမုန်းချင်လာပြီ"

LORD OF ALL {Ongoing}Where stories live. Discover now