CHAPTER - 22 [Unicode]

860 55 11
                                    

"ရတယ်Lord ကျွန်တော့်ဟာကျွန်တော်ပဲလုပ်လိုက်ပါ့မယ်"

ဆေးလိမ်းပေးနေသည့်ပုခုံးတစ်ခြမ်းကို
အတင်းရုန်းထွက်လာရင်း ပြောလာသည့်ကောင်လေး၏စကားကိုဂရုမစိုက်။
ဖူးယောင်နေသည့် ပုခုံးပေါ်သို့သာ
အာရုံစိုက်ပြီး လိမ်းပေးနေမိသည်။

လက်တောင်လှုပ်ဖို့ခက်နေတဲ့အခြေအနေမှာ
သူလိမ်းပေးတာကိုလက်မခံပဲ သူ့ဟာသူလိမ်းပါမည်ဟုဆိုနေသည့်ကောင်လေး၏အတွေးတွေကိုသူလိုက်မမှီတော့။
ဒီကောင်လေးဟာ ဒီလောက်တောင်ခေါင်းမာရသတဲ့လား။

"Lord"

"ကျစ်"

အလိုမကျစွာ ကျစ်သပ်လိုက်ရင်း မျက်မှောင်ကြုတ်ကြည့်လိုက်တော့လည်း ငြိမ်သက်သွားပြန်သည်။
သို့သော်လည်းခဏသာ။

"ကျွန်တော် ကိုယ့်ဟာကိုလိမ်းချင်လို့"

"ကိုယ်လိမ်းပေးတော့ ဘာဖြစ်သွားမှာမလို့လဲIan.. မင်းအခြေအနေနဲ့ အခုလက်တောင်လှုပ်လို့မရဘူးမလား။ဘယ်သူလိမ်းလိမ်းအတူတူပဲကို ဘာလို့အထိမခံဖြစ်နေရတာလဲ"

‌"ကျွန်တော် အထိမခံဖြစ်တာမဟုတ်ပါဘူး"

"တော်စမ်း! ကိုယ်လိမ်းပေးတာကိုပဲငြိမ်ငြိမ်ခံနေ။ဆက်ပြီးအတွန့်မတက်နဲ့ "

ဆူပြီးအော်ငေါက်ပြောဆိုမှ ပြန်ငြိမ်ကျသွားသည်။
ကားမီးဖွင့်ထား၍မြင်နေရသည့်ပုခုံးကနီရဲကာအညိုဘက်သန်းချင်နေသည်မို့ နဂိုအသားအရည်ကိုပင်မမြင်ရတော့။

စိတ်ရှည်ရှည်နှင့်သေသေချာချာလိမ်းပေးပြီးတဲ့နောက် အင်္ကျီကိုသာဝတ်ခိုင်းလိုက်သည်။ဝတ်တော့လည်း သွေးများ‌စွန်းထင်ပြီး စုတ်ပြဲနေသည့်အင်္ကျီကိုသာပြန်ဝတ်ဖို့လုပ်နေသည်မို့ Frederick၏လက်တို့က ကားထဲ
အမြဲအသင့်ထားထားတတ်သည့် အဝတ်‌တွေကို boxထဲကထုတ်လိုက်မိသည်။

"ရော့ ကိုယ့်အင်္ကျီဝတ်ထားလိုက်။မင်းအင်္ကျီကပြန်ဝတ်ဖို့အဆင်ပြေမှာမဟုတ်တော့ဘူး"

"ရတယ် lord ကျွန်တော်ဒါပဲပြန်ဝတ်.."

"ငါတကယ်စိတ်မရှည်တော့ဘူးနော်Ian"

အင်္ကျီတစ်ထည်ကမ်းပေးလိုက်ရင်း
ဝတ်စေတော့မှ သူ့ဒေါသကိုသိသူက
အတွန့်မတက်တော့ဘဲ အင်္ကျီကိုလှမ်းယူလာသည်။

LORD OF ALL {Ongoing}Where stories live. Discover now