Ep-1

1.6K 47 6
                                    

Unicode

လူရယ်လို့ဖြစ်လာလျှင် နွေးထွေးသည့်မိသားစုအသိုက်မြုံလေးကိုလိုလားကြသည်။ မိသားစုဆိုသည့်ဝေါဟာရက အဓိပ္ပာယ်လေးနက်လွန်းသည်မလို့ မည်သည့်အရာနှင့်မျှမလဲနိုင်ပေ။

ကျွန်မနာမည်က မြင့်မိုရ်နွယ်ပါ။ နောက်ဆုံးနာမည်နွယ်ဆိုသည့်အတိုင်း သံယောဇဉ်တွယ်လာရင် ရစ်ပတ်နှောင်ဖွဲ့တတ်ပြီး မိသားစုဆိုတဲ့အရာကို အလေးနက်တန်ဖိုးထားတတ်သူပါ။ သို့ပေမဲ့ကျွန်မကံမကောင်းခဲ့ပါဘူး။ လူမှန်းသိတတ်စအရွယ်ကတည်းက ဖခင်အရင်းကိုတောင်မမြင်ဖူးပါဘူး။ ပထွေးဖြစ်သူကိုဖခင်ဟုထင်မှတ်ပြီးမေတ္တာစစ်တွေ နွေးထွေးမှုတွေလိုချင်နေမိတာပါ။ ဒါကိုတရားတယ်လို့ခံယူထားတာ ကျွန်မ မမှားဘူးမဟုတ်လား။

"မြင့်မိုရ်နွယ် ငါနင့်ကိုဘာပြောထားလဲ..."

"စာလုပ်ပြီးရင် အိမ်သန့်ရှင်းရေးလုပ်ဖို့ပြောထားတာပါအမေ..."

"အရွယ်လေးရောက်တာနဲ့ ပုန်ကန်နေတာလား ဟမ် ခုချက်ချင်းသွားလုပ်စမ်း တစ်နေ့တစ်နေ့ အကြောင်းမရှိအကြောင်းရှာပြီး လုပ်ချင်ရာလုပ်မယ် သွားချင်ရာသွားရမယ် ထင်နေတာလား..."

"အမေကလဲ..."

"ခံပြောဖို့စဉ်းစားမနေနဲ့ ကြည့်ရမနေဘူး ငါလက်ပါမိတော့မယ်နော် အချိုးပြေပြေနေ..."

"ဟုတ်ကဲ့ပါ..."

စင်စစ်ကျွန်မရဲ့မိခင်အရင်းပါ။ ဘာကြောင့်များကျွန်မအပေါ်ဆိုမနွေးထွေးတာလည်းမသိပေမဲ့ ကောင်းစေချင်သည့်စိတ်ကြောင့်ဆိုပြီး ဖြည့်တွေးခဲ့တာများပါသည်။ အကောင်းမြင်စိတ်ပေါ့။ အလုပ်အဆင်မပြေရင်ရိုက်နှက်တတ်ပြီး မျှော်မှန်းသည့်အတိုင်းမဖြစ်လာတဲ့အခါ အပြစ်ပေးတတ်သည့်အမေပါ။ ဆုပေးဒဏ်ပေးစနစ်က ကျွန်မအတွက်တော့မဟုတ်ခဲ့ဘူး။ အိုးကောင်းရဖို့ နာနာရိုက်ရပေမဲ့ ကျွန်မကလူပါ။ သက်ရှိဖြစ်သည့်အတွက် စိတ်နာခဲ့ရသည့်အဖြစ်ပျက်တွေကြားရှင်သန်နေရင်း ဒဏ်ရာတွေဖြင့်နေသားကျနေသူတစ်ဦးပေါ့။

"အမေခိုင်းတဲ့အလုပ်တွေပြီးသွားပါပြီ သမီးအခုစာလုပ်လို့ရပြီလား..."

မုန်းခွင့်ရှိလျှင် မုန်းချင်သည်Where stories live. Discover now