Unicode
ဒီနေ့မှ မိုးကောင်းနေသည်။ မေမေတို့ရောက်လာပြီး ဆရာဝန်ကြီးနဲ့ဆွေးနွေးနေကြသည်။ ကျွန်တော်တို့အုပ်စုကတော့ ဆေးရုံဆင်းဖို့သာ ပြင်ဆင်လျက်...
"အစ်ကို ညီမပြန်နှင့်တော့မယ်..."
"ဘယ်သူနဲ့ပြန်မှာလဲနွယ်..."
"ဟို..."
"မင်းမဟော်လာခေါ်တာဈာန်ဖြိုး ဝသုန်လည်းအတူလိုက်သွားမှာ ငါနဲ့မင်းထိုက်ကတစ်စီးပြန်မှာ အန်တီကနင့်ကိုလိုက်ပို့မယ်တဲ့..."
"အော် အင်းပါမြရည် ပြန်နှင့်လေနွယ်..."
"ဟုတ်..."
ထွက်ခွာသွားသည့်နွယ်ရဲ့ကျောပြင်ဟာ ထာဝရနှုတ်ဆက်နေသလိုပင်။ ဘယ်နှကြိမ်လောက်များ ကိုယ့်ကိုယ်ကိုယ်ညှင်းဆဲနေရမလဲ။
"အဲ့လောက်ကြီး စိတ်ဓာတ်ကျမနေပါနဲ့ မင်းကိုယ်တိုင်သူငယ်ချင်းကိုရွေးချယ်ခဲ့တာဘဲ မနေ့ကသူနဲ့တစ်ရက်လုံးလုံးရှိနေတာကို ဘာလို့အမှန်အတိုင်းမပြောပြတာလဲ..."
"ဆယ်စုနှစ်ဆက်ဆံရေးကိုနှမြောလို့ပါ..."
"အော် ဒါတော့ဒါပေါ့... မင်းချစ်တဲ့သူအပေါ် သစ္စာမရှိတဲ့သူငယ်ချင်းမျိုး ဘာကြောင့်များ သံယောဇဉ်မဖြတ်နိုင်ရတာလဲ..."
"ငါနေရာမှာသာ မင်းဆိုရင်ရော မင်းထိုက်..."
"အို တွေးလို့တောင်မရဘူး... ငါကတော့ရှင်းတယ် ငါချစ်တဲ့သူကိုရအောင်ယူမှာဘဲ အချစ်နဲ့စစ်မှာမတရားတာမရှိဘူးတဲ့ အတ္တကြီးတယ်ပြောပြော တစ်ကိုယ်ကောင်းဆန်တယ်ပြောပြော အနုနည်းမရရင် အကြမ်းနည်းသုံးမှာဘဲ..."
"အဲ့ကောင်မြှောက်တာနားထောင်မနေနဲ့ဈာန်ဖြိုး ပြန်ဖို့သာလုပ် နင်ကိုယ်တိုင်စည်းတားထားဘဲ အဖြူရောင်စည်း အမည်းရောင်စည်းလုပ်မနေနဲ့ ဟိုကရည်းစားရှိတယ် မင်းထိုက် နင်လည်းနော်..."
"ငါပြောတာဘာမှားနေလို့လဲမြရည်..."
"ဘယ်သူမှမမှားဘူး ငါဘဲမှားတာ..."
"အဲ့လိုလုပ်စမ်းပါ ဟားဟား ဟား..."
မင်းထိုက်နဲ့ကျွန်တော် မျက်နှာကြည့်ပြီးရယ်လိုက်ကြသည်။ ဒီသူငယ်ချင်းသုံးယောက်မှာ ဘယ်သူမှားမှား နောက်ဆုံးမြရည်မှားပါတယ်ဆိုတာဘဲ ထွက်လာစမြဲ။
YOU ARE READING
မုန်းခွင့်ရှိလျှင် မုန်းချင်သည်
Randomမျှော်လင့်ခြင်းရဲ့ တခြားတစ်ဖက်မှာ ဘာရှိလဲနွယ်... ကိုယ်ကတော့ ဘာကိုမှမမျှော်လင့်ချင်တော့ဘူး... ပင်ပန်းနေပြီ...