Ep-3

232 14 0
                                    

Unicode

ကျွန်မအတွက် အချစ်ဆိုတဲ့အရာက ငြီးငွေ့လွယ်တဲ့အရာပါ။ ဂရုလည်းမစိုက်တတ်ဘူး ချစ်လည်းမချစ်ပြတတ်ဘူး။ သို့ပေမဲ့ လိုင်းပေါ်ကနေရည်းစားတွေ ထားဖြစ်ခဲ့တယ်။ ကျွန်မမရဖူးတဲ့ဂရုစိုက်မှု နွေးထွေးမှုတွေကို လိုချင်ရုံသက်သက်ပါဘဲ။

"နွယ် အစ်ကိုတကယ်ချစ်ရဲ့လား နွယ်ချစ်တယ်လို့ကို မခံစားရဘူး..."

"အစ်ကို နွယ်တို့လမ်းခွဲရအောင်..."

"အစ်ကိုဘာများမှားသွားလို့လဲ တွဲတာလည်း တစ်လမပြည့်သေးဘူးလေ လမ်းမခွဲပေးနိုင်ဘူး အကြောင်းပြချက်ပြောစမ်းပါနွယ်..."

"တကယ်တော့ အစ်ကို့ကို နွယ်မချစ်ဘူး နွယ်ချစ်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုလည်း မသိဘူး သိလည်းမသိချင်ဘူး သိဖို့လည်းမကြိုးစားချင်ဘူး... အချစ်ဆိုတာ တကယ်ရောရှိရဲ့လား တစ်ခါခဲမှန်ဖူးတဲ့ စာသူငယ်လိုဘဲ နွယ်နာကျင်ရမှာ ကြောက်တယ်..."

"နွယ် မင်းဟာသိပ်ကိုအတ္တကြီးတဲ့မိန်းမဘဲ
အစ်ကို့ချစ်ခြင်း‌ကို မျက်ကွယ်ပြုပြီး မင်းကစားချင်သလို ကစားနေတာ အစ်ကိုနယ်ရုပ်မဟုတ်ဘူးနော် နွယ်..."

ကျွန်မ စိတ်ပျက်မိတယ်။ မချစ်လို့မချစ်ဘူးပြောရင်လည်း ဒါကအပြစ်။ မချစ်လို့ဆက်တွဲနေရင်လည်း အပြစ်ပါဘဲ။

"အစ်ကို့ကို မချစ်တော့ဘူးလို့ ပြောပြီးပြီလေ နွယ်တို့လမ်းခွဲရအောင် နှုတ်ဆက်ပါတယ်အစ်ကို..."

စာပြန်တာမစောင့်တော့ဘဲ တစ်ခါတည်း Blockလိုက်သည်။ စိတ်ရှုပ်မခံနိုင်ပါ။ မွန်းကြပ်နေသည့်အတွက် စိတ်ထွက်ပေါက်လိုအပ်ပါသည်။ ထွက်ပေါက်မှားနေလားလည်းမသိပါ။ အရေးကြီးတာ ကျွန်မပျော်ရွှင်မှုကို ခဏတာဘဲရရ ခံစားကြည့်ချင်ပါသည်။

"သူငယ်ချင်း ဟိုဘဲငါ့ကိုလာနားပူနေတယ်..."

"ငါ့စိတ်ထဲမရှိတော့ဘူး ချစ်တယ်လို့မှ မခံစားရတာ ငါလမ်းခွဲတာမှားလား ဝတ်ရည်..."

"နင်မမှားဘူး ငါမှားတာမြင့်မိုရ်နွယ်ရေ ကိုယ့်သူငယ်ချင်းအကြောင်း ကိုယ်သိလျက်နဲ့ ဟူး... နင်လည်းနော် ဟိုကဘာပြောလဲသိလား ဝဋ်မလည်ပါစေနဲ့..."

မုန်းခွင့်ရှိလျှင် မုန်းချင်သည်Where stories live. Discover now