Ep-4

206 12 0
                                    

Unicode

ပေတစ်ရာပတ်လည်ခြံဝန်းအတွင်း ပေလေးဆယ်နှစ်ထပ်တိုက်လေးဆောက်ထားသည်။ ‌နေချင်စဖွယ်လေးဆိုပေမဲ့ ကြားဖူးနားဝတွေ‌တိုင်း ပြင်ဦးလွင်ကသရဲပေါသည်။ မြန်မာဇာတ်ကားတွေတိုင်း သရဲကားနဲ့ပတ်သက်လို့ ရိုက်ကွင်းက ပြင်ဦးလွင်ကိုဇာတ်အိမ်တည်တာများသည်။
ခြံကျယ်လေလေ ပိုခြောက်ခြားရလေပါ။

"ဈာန်ဖြိုးရေ သားကိုမိတ်ဆက်ပေးစရာရှိတယ် ခဏလာပါဦးကွယ်..."

ဧည့်သည်ရောက်နေတာတော့သိသည်။ အလုပ်ကိစ္စတွေဆွေးနွေးနေ၍သာ အခန်းထဲဝင်နေမိတာ။ ကိုယ့်ထက်ငယ်တဲ့ကလေးမကိုတွေ့လိုက်တော့ နည်းနည်းဟိတ်ဟန်ထုတ်ရသည်။ မျက်နှာကြောတင်းနေသည်မလို့ မာနကြီးတဲ့ကလေးမဟု ကောက်ချက်ချမိသည်။

"လာပါပြီ မေမေ..."

ဧည့်သည်တွေရော မေမေနဲ့ဖေဖေရဲ့အကြည့်တွေပါ ကျွန်တော့်အပေါ်စုပုံနေတာမလို့ အနည်းငယ်တော့ နေရကြပ်ပါပြီ။ ပုဆိုးကို သေချာပြင်ဝတ်ခဲ့လို့တော်သေးသည်။ ကလေးမရဲ့မျက်နှာသွင်ပြင်ကိုကြည့်ရတာ တစ်ခုခုလိုအပ်နေသလိုပင်။ မျက်နှာအကဲခတ်ပြီး သူမနဲ့မနီးမဝေးတွင် ထိုင်လိုက်သည်။

"ဒါ အစ်မရဲ့ သားသမီးပေါ့ ဟန်နီဈာန်ဖြိုးတဲ့..."

မေမေ့မိတ်ဆွေမှ သေချာကြည့်ပြီး ပြုံးပြသည်။ ကျွန်တော်လည်း အနည်းငယ်ပြုံးရုံဆိုရုံကလေး ပြုံးပြလိုက်သည်။

"ဒါကတော့ မေမေ့မိတ်ဆွေဒေါ်အေးအေးနွယ်တဲ့ ဒီဘက်ကသူရဲ့သမီးလေး မြင့်မိုရ်နွယ်တဲ့..."

"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ် အန်တီ... ရောက်တုန်းရောက်ခိုက် နားနားနေနေ နေကြပါ အပူသောက်မလား အအေးသောက်မလားဗျ..."

"ရပါတယ်ကလေးရယ် အန်တီတို့မသောက်တော့ပါဘူး သူ့ကိုကျောင်းလာပို့ရင်း ဘုရားဖူးလာကြတာ အစ်မဆီကိုတော့လမ်းကြုံလို့ဝင်လာခဲ့တာပေါ့... ဒီကသမီး အယ်... သားနဲ့ အန်တီသမီးက ကျောင်းအတူတူဘဲဆိုတော့ အဆောင်တူတူ‌နေလို့ရအောင် ပြောနေကြတာ သားနဲ့သမီးက အသက်ကွာမယ်ထင်တယ်နော်..."

မေမေက နားသာထောင်နေသည်။ စကားဝိုင်းထဲဝင်မပါ။ ကျွန်တော် ဒီရောက်ကတည်းက အပေါင်းသင်းနည်းသည်။ စကားပြောမတတ်သည်မလို့ လမ်းကြောင်းပေးနေသည်ထင်ပါရဲ့ ။ အစအဆုံးပြောစေချင်တဲ့သဘောရှိတာမလို့ ကျွန်တော်ဘဲ စကားဆက်ရသည်။

မုန်းခွင့်ရှိလျှင် မုန်းချင်သည်Where stories live. Discover now