Ep-9

183 14 2
                                    

Unicode

ဒီနှစ်ထဲဆေးရုံရောက်တာ ဒုတိယအခေါက်ပေါ့... နိုးလာတော့ ဘေးနားမြရည်နဲ့မင်းထိုက်တို့စကားပြောနေကြသည်။

"သူငယ်ချင်းတို့..."

"ဈာန်ဖြိုး မင်းအဆင်ပြေရဲ့လား..."

"နှာခေါင်းကဟာကြီးဖယ်စမ်းပါကွာ နေရခက်တယ်..."

"မခက်နဲ့ငါ့ကောင် မင်းOxygenပြတ်သွားလို့ တပ်ထားရတာ..."

"မြရည်..."

"မြင့်မိုရ် ဘာမှမဖြစ်ဘူး နင့်ကိုယ်နင်သာဂရုစိုက်..."

ကျွန်တော့်အကြောင်းသိနေသော သူငယ်ချင်းဟာ ချက်ဆို နားခွက်ကမီးတောက်ပြီးသား။

"မင်းမဟော်အကြောင်းစုံစမ်းပြီးပြီလား မင်းထိုက်..."

"အေး ငါကြားရသလောက် မင်းမဟော်မှာ ကလျာ မြင့်မိုရ်နွယ် ထက်သဒ္ဒါဆိုတဲ့ ကောင်မလေးတွေနဲ့တွဲနေတယ်ကွ အရှုပ်ကတော့ တကယ့်အမှိုက်ထုပ်ဘဲ ဒါကိုပြောပြသင့်လို့ထင်တယ်ဈာန်ဖြိုး..."

"ဘာ ၃ယောက်တောင် တစ်ပြိုင်တည်းတွဲနေတာလား ဘယ်လောက်တောင်မျက်နှာများတဲ့ကောင်လဲကွာ..."

"စိတ်လျှော့ဈာန်ဖြိုး... မင်းထိုက် နင်ကလည်း ဆေးရုံဆင်းမှပြောလို့မရဘူးလား..."

"ဟာ ငါသူမေးလို့ဖြေတာလေ..."

"ကျွတ်စ် မင်းမဟော် ဘယ်လိုတောင်လဲ စိတ်ပျက်စရာကောင်းနေပြီ... ဒီကိစ္စ မြင့်မိုရ်သိလား ဈာန်ဖြိုး..."

"ဟင့်အင်း မသိသေးဘူးမြရည်... ဒီကိစ္စ ညီမလေးကိုမပြောပြပါနဲ့ သူနာကျင်ရတာများခဲ့ပြီ ထပ်ပြီးမနာကျင်စေချင်တော့ဘူး..."

"ဘာလဲ အရင်လူတွေကလည်း သူ့အပေါ်သစ္စာမရှိလို့လား..."

"နင်မသိပါဘူး မြရည်... ငါဆေးရုံဆင်းလို့ရပြီလား..."

"အံ့ဩပါ့ အသည်းသန်ဖြစ်တာကို ဆင်းချင်နေတယ်... မနက်ဖြန် အန်တီတို့လာမှာ ဆရာဝန်ကြီးကလည်း ၃ရက်နေခိုင်းထားတယ်..."

"မေမေတို့သိသွားပြီလား..."

"အေး မြင့်မိုရ်ကိုအကျိုးအကြောင်းပြောပြခိုင်းထားတယ် မြင့်မိုရ်လည်းစိတ်ပူနေရှာတယ် နင်တို့ဟာလေ ဘေးလူတွေကြည့်ရင်တောင် သိသာနေတာကို ဟိုကလည်းမမြင် ဒီကလည်းမပြတတ် ကောင်းရော..."

မုန်းခွင့်ရှိလျှင် မုန်းချင်သည်Where stories live. Discover now