Ep-2

287 18 0
                                    

Unicode

"မြင့်မိုရ်နွယ်..."

"ဟုတ်ကဲ့အမေ..."

"သင်တန်းတက်ဖို့လုပ်တော့ အားနေဖုန်းဘဲကြည့်မနေနဲ့ ဘာသာစကားဖြစ်ဖြစ် စာရင်းကိုင်ဘဲဖြစ်ဖြစ်တက်ဖို့ပြင်ထား ကြားလား..."

"ဟုတ်ကဲ့..."

"မိန်းမ မင်းကလည်းကွာ ကလေးကိုလွတ်လွတ်လပ်လပ်နေခွင့်ပေးပါဦး အောင်စာရင်းထွက်တာဖြင့် မကြာသေးဘူးလေကွာ သမီးနွယ်စာများများဖတ်နော် စာအုပ်စာပေလူ့မိတ်ဆွေတဲ့..."

"ဟုတ် သမီးစာတွေဖတ်နေပါတယ် လိုင်းပေါ်ကလည်းစာတော်တော်များများဖတ်ဖြစ်ပါတယ်အဖေ..."

"ကျောင်းလည်းမဖွင့်လောက်သေးဘူးထင်တယ် မေဂျာရောကျပြီလားသမီး..."

"မကျလောက်သေးဘူးအဖေ..."

"အေးပါ ထမင်းစားပြီးစာဖတ်နော်..."

"ဟုတ်ကဲ့..."

"စာမဖတ်ခင် မီးပူတိုက် ဘုရားရှိခိုးပြီးမှလုပ်ချင်တာလုပ် အိပ်ချိန် ၁၀နာရီမကျော်စေနဲ့ မျက်လုံးကန်းမယ်..."

"ဟုတ်အမေ..."

ဒီလိုနဲ့တစ်ရက်ပြီးတစ်ရက်သာပြီးဆုံးသွားတယ်။ ပျော်ရွှင်စရာလား။ ရယ်ရတယ်နော် ကျွန်မအတွက်ပျော်ရွှင်မှုဆိုတာက သူ့အလိုလိုဖြစ်တည်လာတာမဟုတ်ဘူး။ ဖန်တီးလုပ်ကြံယူနေရတာပါ။

"သူငယ်ချင်းကောင်းယောင်းမလေးရေ နင်လိုင်းတက်ချိန်ကလည်းဟယ် လူအိပ်ချိန်ရောက်နေပြီ..."

"ကျော်မကျော်တော့မသိဘူး အိမ်မှုကိစ္စတွေလုပ်နေရသေးတယ်ဟဲ့..."

"နင်ဘာမေဂျာလျှောက်ထားလဲ..."

"အမေ့သဘောပေါ့ဟယ် ဘာများတတ်နိုင်မှာမလို့လဲ..."

"ကျောင်းအတူတူတက်ချင်တယ် စိတ်တူကိုယ်တူသူငယ်ချင်းဆိုလို့ နင်ဘဲရှိတယ်ဟဲ့မြင့်မိုရ်နွယ်..."

"ကျန်တဲ့ဟာမတွေကြားရင် နင့်ကိုထသတ်နေဦးမယ် ငါအိပ်တော့မယ်နော် အမေအိပ်ခိုင်းနေပြီ..."

"၁၀နာရီမထိုးသေးဘူးလေ..."

"ငါ့အကြောင်း ငါသာလျှင်အသိဆုံးပါဟာ..."

မုန်းခွင့်ရှိလျှင် မုန်းချင်သည်Where stories live. Discover now