Ep-5

193 15 2
                                    

Unicode

သူရိန်နေမင်းကြီးက တစ်နေ့တာအစပြုဖို့ တာဆူနေပါပြီ။ ချမ်းလို့ကွေးကောင်းကောင်းဖြင့် စောင်အလွှာကြား ရုန်းမထွက်မိ။ နှိုးစက်သံကိုလည်း ပိတ်နေမိတာအကြိမ်ကြိမ်ပင်။

"သား ထတော့ မင်းမေမေတောင် ဈေးကပြန်လာတော့မယ်..."

"ငါးမိနစ်ပဲဖေဖေ အရမ်းချမ်းလို့ပါ..."

"ငါးမိနစ်လုပ်မနေနဲ့ ဧည့်သည်တွေလည်းရှိတယ် မင်းမေမေအကြောင်း သိတယ်နော်..."

အိပ်မှုန်စုတ်ဖွားဖြင့်သာ စောင်အလွှာတွေကိုဖယ်ချရင်း ခဏမှေးနေလိုက်သည်။ ဖေဖေဘုရားရှိခိုးနေပြီမလို့ အိပ်ရာသိမ်းရင်း ရေချိုးခန်းဆီဦးတည်လိုက်သည်။ မျက်နှာသစ်သွားတိုက်ပြီးသည်နှင့် တစ်နေ့တာကိုအစီစဉ်ချလိုက်သည်။

အဝတ်အစားလဲပြီး မေမေတို့ပြန်မရောက်သေးတာမလို့ ဘုရားရှိခိုးလိုက်သည်။ ဗိုက်ဆာနေသော်လည်း မေမေတို့‌တော်တော်နှင့်ပြန်မလာ။ ဝယ်စရာများနေသည် ထင်သည်။ ထိုကြောင့် ဆိုင်ကယ်ထုတ်ရင်း ဖေဖေ့ကိုမနက်စာသွားစားလိုက်ဦးမယ်ဟုပြောပြီး ထွက်လာလိုက်သည်။

မည်မျှပင်ချမ်းအေးစေကာမူ တောင်ပေါ်ဒေသ၏ လေပြေအေးကအစ ကြည်နူးဖွယ်ကောင်းလှသည်။ မနက်ခင်းအစကတည်းမှာပင် လူကနေသာထိုင်သာရှိနေသည်။ စားနေကျဆိုင်မှာထိုင်ရင်း ရှမ်းခေါက်ဆွဲအဖွယ်ရေဖျော်နှင့် ဆေးလိပ်တစ်ပွဲမှာလိုက်သည်။ စားပြီးသည်နှင့် စီးကရက်ဖွာရင်း...

"ဒီကလူလေး..."

"ဟုတ်ကဲ့အဘ..."

မသိသည့်လူတစ်ယောက် ပခုံးပုတ်ပြီးခေါ်နေသည်မလို့ ရိုရိုသေသေပြန်ပြောလိုက်သည်။ ဥပဓိရုပ်ခန့်ညားတည်ကြည်ပြီး လူလိမ်အသွင်မရှိတာကြောင့် စကားပြန်ဆိုမိသည်။

"လူလေးရဲ့ရှေ့ရေးက ရင်လေးစရာပါလားကွယ်..."

"ဘာလို့ တပ်အပ်ပြောနိုင်ရတာလဲအဘ..."

"အဘကလည်းဒီလိုတည့်သမားကိုကြိုက်တာဟေ့... ဟားဟား ဒီလိုရှိတယ်ကွယ့် အဘကိုယုံမလားတော့မသိပေမဲ့ပေါ့ လူလေးဆီမှာ စွမ်းအားတစ်ချို့ကိုခံစားမိနေတယ်... ပဌာန်းဆက်ပါတယ်ဆိုပါတော့ ဒါကြောင့် အဘကလူလေးကို အပေးအယူလုပ်မယ် ဘယ်လိုလဲကွဲ့..."

မုန်းခွင့်ရှိလျှင် မုန်းချင်သည်Where stories live. Discover now