Ep-8

137 10 1
                                    

Unicode

မနေ့က အစ်ကိုစောစောအိပ်သွားသည်မလို့ စကားမပြောဖြစ်။ မနက်ရောက်တော့လည်း မတွေ့ရပြန်။ ဘာတွေဖြစ်နေပါလိမ့်။

"အပူသည်ရုပ်နဲ့မြင့်မိုရ်ရယ်..."

"မဟုတ်ပါဘူး မြရည်နဲ့ဝသုန် ငါ မင်းမဟော်နဲ့အပြင်သွားမလို့ လိုက်ပေးပါလား ငါတစ်ယောက်တည်းမသွားချင်ဘူး..."

"အလို အဖြေပေးတုန်းကကျ မတိုင်ပင်ဘဲ..."

"မြရည်ကလည်း စိတ်မဆိုးပါနဲ့‌..."

"ဘာစိတ်ဆိုးစရာရှိလို့လဲမြရည်ရယ် အစကတည်းက မြင့်မိုရ်ကိုယ်တိုင်စိတ်ပါနေတာဘဲ..."

"ဝသုန် နင်...ထားတော့ ငါလိုက်ခဲ့မယ်..."

မြရည်စိတ်ဆိုးနေတာကို လက်ခံပါတယ်။ ကျွန်မအဖြေပေးလိုက်တာလည်း စိတ်ရှုပ်မခံနိုင်လို့ပါ။ ပြီးတော့ ကျောင်းရောက်တုန်း စိတ်လွတ်ကိုယ်လွတ်ပျော်ချင်တယ်။

......

"ဈာန်ဖြိုး ဘာဖြစ်နေတာလဲကွာ မင်းသောက်ဖို့ချိန်းတာ ရက်ဆက်တယ်နော် ရင်ဖွင့်စမ်းပါ..."

"မင်းထိုက် ငါ့ကိုလွှတ်ထားပေးပါလား ငါအသိစိတ်ပျောက်တဲ့အထိ သောက်ချင်လို့ပါ..."

"ဘယ်တုန်းကများ အသိစိတ်ပျောက်ဖူးလို့လဲ အရက်သာကုန်သွားမယ် မင်းမူးတာခပ်ရှားရှား... လွှတ်ထားဆိုလည်း လွှတ်ထားမယ် ဒါပေမဲ့ မင်းသူငယ်ချင်းဖုန်းနဲ့အန်တီဖုန်းကိုတော့ ကိုင်လိုက်ဦး ဆက်တိုက်ခေါ်နေတယ်..."

Miss calledကနာမည်ကိုကြည့်လိုက်ပြီး ဖုန်းပိတ်လိုက်သည်။ အရက်ကိုရေမရောဘဲသောက်ချရင်း ရင်ထဲကအပူကိုငြိမ်းသက်နေမိသည်။

"အမယ်လေး မလွယ်ပါလားငါ့ကောင် ရေရောဦးဟ..."

"မင်းထိုက် ငါအဆောင်မပြန်ချင်ဘူး..."

"ဟာ ရမလား... မင်းအမေအကြောင်းသိလျက် ငါ့အိမ်ခေါ်သွားရင် ငါ့အမေကလှမ်းတိုင်လိမ့်မယ်... အဆောင်မပြန်ရင် အဆောင်မှူးမောင်းချနေမယ်... ဟိုတယ်ခေါ်သွားရင်လည်းမဖြစ် မင်းမိဘအသိတွေကြည့်ဘဲ..."

"အေးကွာ..."

"မင်းဒီလိုဖြစ်တာ မမြင်ဖူးသေးဘူး... အသည်းကွဲနေတာလား..."

မုန်းခွင့်ရှိလျှင် မုန်းချင်သည်Where stories live. Discover now