Ep-6

180 11 2
                                    

Unicode

ဧည့်သည်ပြန်သွားပြီအထင်နဲ့ အောက်ဆင်းလာခဲ့တာ ကျွန်မမှားသွားသည်။ အစ်ကို့ပခုံးကိုမှီနေတဲ့မိန်းကလေးကို မဆီမဆိုင်ဒေါသထွက်မိသည်။ တစ်ခါမှမမြင်ဖူးတဲ့ တင်းမာနေတဲ့မျက်နှာထားနဲ့အစ်ကိုကလည်း ကြောက်ဖို့ကောင်းပါသည်။

အတွေးစကိုဖျောက်ရင်း ထမင်းစားခန်းထဲထိုင်နေလိုက်သည်။ အစ်ကိုနဲ့အတူထမင်းစားဖို့ စောင့်နေခဲ့တာလေ။ အခုတော့ မြင်ကွင်းကြောင့် မသိစိတ်ကဒေါသထွက်နေသည်။

"ရယ်ရပါလား မြင့်မိုရ်နွယ်... အစ်ကိုနဲ့နင်က ဘာမှမသက်ဆိုင်တာကို တောက်..."

ကိုယ့်ဘာသာကိုယ်အသိပေးရင်း မျက်ရည်တွေဝဲလာသည်။ မည်မျှပင်ထိန်းချုပ်ထားပါစေ... ကျွန်မသူစိမ်းတစ်ယောက်အတွက် မျက်ရည်တွေပြိုဆင်းလာသည်။ မျက်ရည်မလွယ်သည့် ကျွန်မအတွက်လေ...

ရမှုံဝင့်လို မာယာများတဲ့မိန်းမကို ကျွန်‌တော်ဘာကြောင့် မလွန်ဆန်နိုင်သေးတာလဲ။ ထမင်းစားဖို့ သူမစောင့်နေတာကိုသိပါသည်။ သို့ပေမဲ့...

"ကိုကို သူစိမ်းဆန်လိုက်တာ... ဝင့်ကိုမလွမ်းဘူးလား အဆက်သွယ်လည်းမလုပ်ဘူး..."

"မင်းဘာလုပ်ထားလဲမသိဘူးလား ရမှုံဝင့်... ငါ့ဘဝမှာ တန်ဖိုးအထားဆုံးက သစ္စာတရားဘဲ မင်းငါ့နောက်ကျောကိုဓားနဲ့ထိုးခဲ့တာ ငါအကြိမ်ကြိမ်ခွင့်လွှတ်ပေးခဲ့တယ်... မင်းကိုအရမ်းစိတ်ကုန်နေပြီ ထွက်သွားပါတော့..."

"နှင်ထုတ်တိုင်း သွားရအောင် ဝင့်အကြောင်းမသိဘူးလားကိုကို... ကိုကိုမရှိရင် မဖြစ်လို့ပါ တောင်းပန်ပါတယ်နော် ဒီတစ်ခါနောက်ဆုံးပါ ခွင့်လွှတ်ပေးပါ... ဝင့်တို့ပြဿနာတက်တိုင်း ကိုကို့ဘက်ကအလျော့ပေးခဲ့ဖူးလား မာနကို‌ရှေ့တန်းထားပြီး ဝင့်အတွက်ကြည့်ပေးခဲ့ဖူးလား ဝင့်စိတ်ကိုနားမလည်သေးဘူးလား ဝင့် ကိုကို့ကိုချစ်တယ်လေ ဒါကလည်းစိတ်ထွက်ပေါက်ရှာမိရုံပါကိုကိုရယ်..."

"ဟားဟား ဘာ စိတ်ထွက်ပေါက် မင်းအကြိမ်ကြိမ်နောက်ကျောဓားနဲ့ထိုးခဲ့တိုင်း ငါ့အမှားတွေအတွက် မင်းကိုခွင့်လွှတ်ပေးခဲ့တာ ငါအနိုင်ယူသလိုဖြစ်ခဲ့လို့ မင်းကိုခွင့်လွှတ်ပေးခဲ့တာကွ... မင်းမျက်ရည်တွေအတွက် ငါ့အပေါ်ဖောက်ပြန်နေလည်း ငါနားလည်ပေးခဲ့တာ ငါ့ကိုလွတ်လပ်ခွင့်ပေးပါတော့ ငါပင်ပန်းနေပြီ စိတ်ကုန်နေပြီ မင်းလည်းအမှားမကင်းဘူး အေးငါလည်းအမှားမကင်းခဲ့ဘူး နေတတ်သွားတဲ့အချိန်ကျမှ ပြန်လိုချင်နေတာ မရယ်ရဘူးလား..."

မုန်းခွင့်ရှိလျှင် မုန်းချင်သည်Where stories live. Discover now