Unicode
ဆေးရုံမှာ သုံးရက်လောက်နေခဲ့ရသည်။ သုံးရက်အတွင်း ကျွန်တော် သူမကိုစကားမပြောဖြစ်။ ပြောစရာတွေပျောက်ဆုံးနေသည်ကလွဲ အစဖော်မရပါ။ သူမလည်း ကျွန်တော့်ကိုအရိပ်တကြည့်ကြည့်နှင့်။ သူမဘက်က စကားမဆို ကျွန်တော်လည်း ထိုနည်းလည်းကောင်းပင်။
"သား သွားနားတော့ အယောင်ကျဆေးလိမ်းဦးနော်..."
"ဟုတ်ကဲ့ပါ မေမေ..."
တိတ်ဆိတ်နေတဲ့အိမ်မှာနေရတာဟာ အနည်းငယ်တော့ မွန်းကြပ်စေပါသည်။ နေဝင်ဆည်းဆာအလှတရားကိုရှုစားဖို့ အိမ်ပြင်ထွက်လာလိုက်သည်။ သွားနေတုန်း ခြံရှေ့ကသရက်ပင်အနား လူစိမ်းတစ်ယောက်ရပ်နေသည်။
"ဘယ်သူနဲ့တွေ့ချင်လို့လဲမသိဘူး..."
"ဒီအိမ်က ဈာန်ဖြိုးတို့အိမ်မဟုတ်ဘူးလား..."
"ဟုတ်ပါတယ် အစ်ကိုနေမကောင်းလို့ အနားယူနေတာ အစ်ကို့အသိလား..."
"ဒီစာလေးပေးပေးပါ ပြီးတော့ ဆုံတွေ့ရမဲ့ကံကြမ္မာကစောလွန်းတယ် အဲ့လိုပြောပေးပါ..."
"ဟုတ်ကဲ့ ဘယ်သူလာတယ်လို့ပြောပေးရမလဲ..."
"စာဖတ်ပြီးရင် သူသိပါတယ်..."
"ဟုတ်ကဲ့..."
စာအိတ်အပြာရောင်လေးမှာ ရှင်းလင်းနေသည်။ မည်သူမည်ဝါမရေးထားဘဲ ဒီစာကိုလက်ခံလိုက်တာ ကောင်းပါ့မလား။
"မထူးပါဘူးလေ..."
စာအိတ်ယူလာပြီး အစ်ကို့နားရပ်နေတာ အချိန်တော်တော်ကြာနေပြီ။ အိပ်နေတဲ့အစ်ကိုရဲ့မျက်နှာဟာ အပြစ်ကင်းစင်သည်။ မျက်လုံးမဖွင့်ဘဲ စကားသံကြားရမှ...
"ဘာပြောမလို့လဲ ညီမလေး..."
"အော် ခြံရှေ့မှာ အစ်ကို့အသိ စာလာပေးသွားလို့ ပြီးတော့ ဆုံတွေ့ရမဲ့ကံကြမ္မာကစောလွန်းတယ်ဆိုပြီးပြောပေးရင် အစ်ကိုသိတယ်တဲ့ ..."
"စာပေးပါ..."
စာကမ်းတာယူလိုက်ပြီး စာအိတ်ကိုသေချာစိုက်ကြည့်နေသည်။ ပြီးတော့ စာအိတ်ကိုသေချာဖောက်ပြီး အထဲမှာအဖြူရောင်ဗလာစာရွက်ကိုသာတွေ့ရသည်။
YOU ARE READING
မုန်းခွင့်ရှိလျှင် မုန်းချင်သည်
Randomမျှော်လင့်ခြင်းရဲ့ တခြားတစ်ဖက်မှာ ဘာရှိလဲနွယ်... ကိုယ်ကတော့ ဘာကိုမှမမျှော်လင့်ချင်တော့ဘူး... ပင်ပန်းနေပြီ...