Ep-1

849 38 3
                                    

Bible Pov

" I'm Bible Wichapas Sumettikul.
Sumettikul family ရဲ့ သားအငယ်ဆုံး၊
အသက်ကတော့ 23၊
engineering major နဲ့နောက်ဆုံးနှစ် တက်နေတယ်၊ မိသားစုပိုင် Sumettikul group ကို ဦးစီးဖို့အတွက်တော့ စိတ်မဝင်စားဘူး၊ ဝါသနာပါရာနောက်ကိုသာလိုက်ဖို့ဆုံးဖြတ်ထားတဲ့သူ၊
ဆုံးဖြတ်ချက်ချပြီးရင် ပြန်ပြင်တဲ့ထုံးစံက Wichapas ဘဝမှာဘယ်တုန်းကမှမရှိဘူး။

ကျောင်းမှာတော့ မိသားစုအရှိန်အဝါကြောင့် နာမည်ကြီးတယ်၊ ဒါမယ့်အပေါင်းအသင့်တော့များများစားစားမရှိဘူး၊ ဘာလို့ဆို ကျွန်တော်အနားကပ်တဲ့သူမှန်သမျှက တခုခုလိုချင်လို့ ကပ်တဲ့သူတွေများလို့ဘဲ၊ အဲ့လိုလူတွေ‌ဆို အရမ်းမုန်းတယ် အထူးသဖြင့် အရာရာကိုငွေမျက်နှာဘဲကြည့်တဲ့လူမျိုးတွေကိုပေါ့။

အချစ်ရေးလား ပြောရရင်တော့ရှည်တယ်၊ ချစ်သူဆိုတာထပ် ကျွန်တော်စိတ်ဝင်စားနေတဲ့သူဆိုပိုမှန်မယ်။
တနေ့ ကျွန်တော်ယူရမယ့်သူကလဲ ကျွန်တော်ချစ်တဲ့သူဘဲဖြစ်ရမယ်။

"Wichapas မင်းဘယ်တော့ Company မှာအလုပ်ဆင်းဖို့စဉ်းစားထားလဲ "

Dadရဲ့ဓာတ်ပြားဟောင်းကြီးဖွင့်ပြန်ပြီ၊ကျောင်းမသွားခင် နားညီးရဦးမယ်၊ အဖေနဲ့မနက်စာစားရင်အမြဲ အလုပ်အကြောင်းဘဲပြောတော့တာဘဲ။

"ဖေကြီးကလဲ သားမှ ကျောင်းမပြီးသေးတာလေ "
Mommy ကတော့ ငါ့ဘက်ကနေကူပြောပေးနေကြ

"သားမှ အဲ့ဒါတွေစိတ်မှမဝင်စားတာ "
ဟုတ်တယ် ၊ engineering အလုပ်နဲ့ဘဲအသက်မွေးဝမ်းကြောင်းပြုချင်တာ။

"ဘယ်သူ့တွေကကော လုပ်ချင်လို့လုပ်နေတယ်ထင်နေတာလဲ၊ ငါ့အသက်ကကြီးလှပြီ မင်းမှဒီအလုပ်ကိုမဦးစီးရင် ဘယ်သူ့ကလုပ်မှာလဲ "

"Pjoရှိတာဘဲ လုပ်ခိုင်းလိုက်ပေါ့ "

"ဟ သူမှာက သူ့ကိုယ်ပိုင်အလုပ်ရှိတယ်လေ၊ သူကခုသဘော်တက်နေတာ ငါ့companyကို ဦးစီးဖို့ ဘယ်လိုဖြစ်နိုင်မှာလဲ၊ မင်းမှာဦးနှောက်မရှိဘူးလား၊ စကားကိုတတ်တိုင်းပြောနေတာ ကောင်းတယ်မထင်နဲ့ "

"ဖေကြီးရယ် သားလေးလုပ်ချင်တာလုပ်ပါစေလား "

"မေကြီးအဲ့လိုရှေ့ကနေ ကာနေလို့ ဒီကောင်ရောင့်တက်နေတာ၊ မင်းငါ့ပြောသလိုဘဲလုပ်ရမယ် အဲ့ဒါကိုမြဲမြဲမှတ်ထား မဟုတ်လို့ကတော့ ငါ့အကြောင်းသိစေရမယ် "
ပြောပြီး ထွက်သွားတဲ့ Daddyကြောင့် မနက်စာတောင်ဆက်စားချင်စိတ်မရှိတော့ဘူး။

HopeWhere stories live. Discover now