ep-30

357 30 7
                                    

4ရက်ခန့်ကြာသော်

Bible Pov

Company မှာ share တွေက %အလိုက်ခွဲထားတာမို့ အလွယ်တကူပေးလို့မရဘူးဆိုတာ ဟိုသားအဖမသိတာမဟုတ်ဘူး သိလွန်းလို့ ခက်နေတာ
ငါတို့ကုမ္ပဏီအကြောင်းဘယ်လောက်သိလဲဆို ငါ့တောင်မသိတဲ့ Bui share %ကိုတောင် သူတို့သိနေတာဘဲ

Bible' daddy share 40%, Bible share 30%, build share 5%, နဲ့ကျန်တဲ့ share %က ရှယ်ယာရှင်တွေဘဲအသီးသီးပိုင်ဆိုင်ကြတယ်။

Buiရဲ့ shareကအရမ်းနည်းလို့ အဲ့ဒါကိုပါသူတို့လောဘမတက်တာဘဲ၊ ဒါမို့ buiနဲ့ငါကို ကွာရှင်းခိုင်းဖို့သူတို့အသည်းအသန်ကြိုးစားနေကြတာပေါ့၊ ကွာရှင်းတောင် buiကအကျိုးအမြတ်အနည်းငယ်ဘဲ ရမယ်ဆိုတာသူတို့သိလို့ ဒီနည်းကိုရွေးကြတာ...

Share တွေလွဲပေးဖို့က ဘုတ်အဖွဲ့ဝင်တွေနဲ့တိုင်ပင်ဖို့လိုသလို Ceoကို ရှယ်ယာအများဆုံးသူကဘဲ ဆုံးဖြတ်ပေးတာဆိုတော့ ဒယ်ဒီရဲ့ခွင့်ပြုချက်ကလဲ လိုအပ်နေတော့ သူတို့သားအဖတိုင်ပတ်နေပင်မယ့် နောက်ဆုံး ပြဿနာကိုငါ့လက်ထဲထိုးထည့်လာတာဘဲ ဒယ်ဒီဆီက ငါ့ကိုအမွေတောင်းခိုင်းတယ်တဲ့လေ လောဘတွေကအတောမတတ်နိုင်သေးဘူး

Buiနဲ့တော့မကွာပေးနိုင်ဘူး ငါ့ရှယ်ယာတွေအကုန်ပေးမယ်ဆိုတာတောင်မကျေနပ်နိုင်သေးတဲ့ သူတို့ကြောင့် ဘာရှယ်ယာမှတောင်မပေးချင်တော့ဘူး၊

ထူးဆန်းတာကနောက်ပိုင်း သူတို့အစီအစဉ်ပြောင်းသွားတာဘဲ ရှယ်ယာဘဲလွဲပေးတော့ သူတို့အဲ့တာနဲ့ဘဲကျေနပ်တယ်ဆိုပြီးဖြစ်သွားတာ ဘာကြောင့်လဲ နားမလည်ဘူး ဘာဘဲဖြစ်ဖြစ် ငါ့အတွက်buiကလွဲကျန်တာအရေးမကြီးဘူး...buiလုံခြုံရေးဘေးကင်းဖို့သေချာစီစဉ်ထားသလို ရှယ်ယာရှင်အစည်းအဝေးပွဲပြီးရင် ဟိုသားအဖအတွက် လက်ဆောင်ပြင်ပေးထားသေးတယ်

Buiအတွက်လုံခြုံရေးစိတ်ချရအောင် အိမ်မှာမနေခိုင်တော့ဘဲ Ptong တို့ဆီဘဲပို့ထားလိုက်တယ်..
Company ကိုလဲ ငါ့ဘဲယာယီကူလုပ်ပေးမယ်ဆိုပြီး ပြောထားတာမို့ buiကလက်ခံခဲ့တယ်..အသေးစိတ်တော့မရှင်းပြရသေးဘူး၊သူ့ကျန်းမာရေးအတွက်စိတ်ပူလို့ဆိုပြီးဘဲသိခိုင်းထားတာ

HopeWhere stories live. Discover now