Ep-4

294 32 2
                                    

Third person Pov

"Bible ဒယ်ဒီနားလာထိုင်ဦး "

"ဒယ်ဒီစကားအများကြီးမပြောပါနဲ့ဦး၊ ခုတော့အနားယူပါဦး "

"ဒယ်ဒီပြောတာကိုနားထောင်ပါ၊ ဒယ်ဒီမရှိတော့ရင် ဒီမိသားစုစီးပွာရေးကို သားဘဲတာဝန်ယူရမှာနော်၊ သားကိုတာဝန်ပေးတာ သားကိုယုံကြည်လို့ အတင်းအကြပ်ခိုင်းချင်လို့မဟုတ်ပါဘူး၊ ဒယ်ဒီကသေရမယ့်သူ ဒီမိသားစုရဲ့ရှေ့ရေးကို မသေခင် စိတ်ချသွားစေချင်တယ်၊ ဒယ်ဒီပြောတာကိုသဘောပေါက်လား Bible "

"ဟုတ်ကဲ့ပါ ၊သားအခုကနေစ company အလုပ်တွေကို ဝင်ကူပါ့မယ်၊ ဒယ်ဒီအဲ့အတွက်‌ေတာ့စိတ်မပူနဲ့နော် "

"သားရဲ့ရှေ့ရေးကိုလဲ စိတ်ချချင်လို့ သား jakapanနဲ့လက်ထပ်ဖို့ကို လက်ခံပေးပါနော်
ဒါ ဒယ်ဒီရဲ့နောက်ဆုံးတောင်းဆိုခြင်းပါ သားသူနဲ့သာလက်ထပ်ရင် ဒယ်ဒီအသေဖြောင့်သွားပါပြီ "

"ဗျာ အဲ့တာကတော့ မဖြစ်၊ သားမှသူ့ကိုမချစ်တာ "

"မာမီတို့လဲ ချစ်လို့ယူခဲ့တာမှမဟုတ်တာ ‌အနေကြာတော့ ချစ်သွားကြတာဘဲသားရယ်၊ ပြီးတော့ jakapan‌ေလးကလဲ ချစ်ဖို့ကောင်းပါတယ်၊ သားသူ့ကိုမြင်ရင်သဘောကျမှာပါ၊ တအားချစ်ဖို့ကောင်းလွန်းလို့ မာမီတောင်အပိုင်မွေးစားချင်‌ေနတာ "

မာမီကတော့ ဟိုတ‌ေယာက်ကိုအတင်းမြှောက်နေတာဘဲ၊ ဘယ်‌ေလာက်တောင်ချစ်ဖို့ကောင်း‌ေနလို့လဲ ။

********

ဒီနေ့ ဒယ်ဒီကုမ္ပဏီမှာ အလုပ်စဝင်တဲ့နေ့
စီးပွားရေးနဲ့နေသားမကျတဲ့ငါ့အတွက်တော့ အကုန်လုံးကခက်ခဲနေတော့တာဘဲ။

"Khun Bible ကို သင်ပေးဖို့ ဆရာက လူတယောက်ကိုခေါ်ထားပါတယ် "

ဒယ်ဒီရဲ့လက်ထောက်Ppingပြောတဲ့စကားကြားတော့အားတက်သွားတာအမှန်ဘဲ၊ Ppingကသင်ပေးပင်မယ့် သူကလဲဒယ်ဒီရဲ့အရေးကြီးတဲ့တခြားအလုပ်တွေလုပ်ပေးနေရတာမို့ သူကိုသင်ခိုင်းဖို့ဆီကို အားနာနေတာနဲ့အတော်ဘဲ။

"Khun Build သင်ပေးရမယ့် ဆရာရဲ့သားက ဒီမှာပါဗျ " အခန်းထဲဝင်လာတဲ့သူကိုကြည့်မိတော့ ဟိုတယောက်ဘဲ

HopeWhere stories live. Discover now