ep-25

377 37 8
                                    

Bible pov

"Angel ငါနဲ့လမ်းခွဲပေးဖို့ အေးဆေးပြောနေတာမရဘူးလား"

ငါနဲ့ကိစ္စကို buiကိုမဟုတ်တာတွေသွားပြောမယ်ဆိုပြီး ပြောနေလို့ သူနဲ့လူချင်းတွေ့ရှင်းနေတာ အတော်ကြာပြီ ခုထိ ငါ့ဆန္ဒကိုဖြည့်ဆည်းမပေးသေးဘူး

"မလုပ်ပေးနိုင်ဘူးလို့ပြောဖူးပြီးပြီမလား၊ ဒါမှ ထပ်တောင်းဆိုနေဦးမယ်ဆိုလဲ ရှင်အိမ်ကသူနဲ့သွားတွေ့ရုံဘဲရှိ‌ေတာ့တယ် "

"Angel မင်းကွာ! အိုကေ မင်းဘာလိုချင်လဲပြောလိုက် ငါဖြည့်ဆည်းပေးမယ် "

"တကယ်ပြောတာနော် နောက်မှတမျိုးမပြောင်းနဲ့ "

"ငါနဲ့လမ်းခွဲပေးဖို့နဲ့Buiကိုဒီအကြောင်းတွေမပြောတာကလွဲရင်ကြိုက်တာတောင်းဆိုလိုက် ငါလုပ်ပေးမယ် "

"အဲ့လိုမျိုးကိုလိုချင်တာ နက်ဖြန် Daddy ရုံးခန်းမှာလာတွေ့လိုက် တောင်းဆိုမယ့်ဟာကို ဒယ်ဒီပြောလိမ့်မယ် ဘယ်လိုလဲ ok? "

"ကောင်းပြီမနက်ဖြန်ငါလာခဲ့မယ်၊ မင်းနဲ့ငါကိစ္စတေွမပြီးမချင်း buiရှေ့ကိုယောင်လို့တောင်မပေါ်လာနဲ့နော်၊ buiကိုထိလို့ကတော့ ငါညှာနေမှာမဟုတ်ဘူးဆိုတာ မှတ်ထားပါ "

Buiလောက်ဘယ်အရာမှအရေးမကြီးဘူး ဒါမယ့် သူဘာတောင်းဆိုမလဲဆိုတာသိချင်လို့ ရင်တုန်နေမိပြီ buiနဲ့ပတ်သတ်တာတော့မဖြစ်ပါစေနဲ့

************

2ရက်ကြာပြီးနောက်,

"Khun Bible, Khun buiကိုလာတွေ့တာလား "

"ဟုတ်တယ် Pping, buiရှိလား? "

"ဟုတ်ကဲ့ အထဲမှာရှိပါတယ်ဝင်သွားလိုက်ပါ "

ဒေါက်ဒေါက်ဒေါက်

"Bui..."

"Ommဘာလာလုပ်တာလဲ Bible" ဆိုပြီးငါ့မျက်နှာကိုတချက်တောင်မကြည့်ဘဲ သူ့အလုပ်ဘဲဆက်လုပ်နေတယ်။

"ကိစ္စရှိမှလာရမှာလား သူစိမ်းတွေမှမဟုတ်တာကို "

"သူစိမ်းမဟုတ်လို့ဘာလဲ " ဆိုပြီးတချက်မော့ကြည့်ကာပြောပြီးနောက် သူ့အလုပ်ကိုဘဲပြန်လုပ်တဲ့သူကို စိတ်ရှိတိုင်းသာဆို ကိုင်ပေါက်ချင်လာပြီ။

HopeWhere stories live. Discover now