ep-13

310 38 2
                                    

3rd day in hospital

Third person Pov

မနက်လင်းကတည်းက laptop တလုံးနဲ့အလုပ်ရှုပ်နေတဲ့buiကြောင့် bible စိတ်တိုနေပင်မယ့် ဆိုဖာမှာငုတ်တုတ်ထိုင်ကာ ကိုယ့်အလုပ်ကိုဘဲလုပ်နေရတယ်၊
အလုပ်ပျက်တာ ၂ရက်ရှိပြီဆိုတော့ လူနာစောင့်ရင်း အပ်ထားတဲ့ နမူနာ design တွေတော့ ဆွဲပေးရမှာဘဲလေ

"အခုလိုရုတ်တရတ်အစည်းအဝေးကိုခေါ်လိုက်ရတဲ့အတွက်‌ေရာ လူကိုယ်တိုင်မတက်နိုင်တဲ့အတွက်‌ေကာ အားလုံးကိုတောင်းပန်ပါတယ် "

Buiက အစည်းအဝေးကို zoomနဲ့လုပ်နေပင်မယ့် ဝန်ထမ်းတွေကို အရမ်းအလေးထားဆက်ဆံတယ်ဆို‌တာတော့ အစောကတည်းက သိပြီးသားဆိုပင်မယ့် အခုလို နေမကောင်းဖြစ်နေတာတောင် အစည်းအဝေးကိုမဖျက်တဲ့အပြင် တောင်းပန်စကားဆိုနေတဲ့သူကတကယ့် လူထူးဆန်းဘဲ တကယ်ဆို ဒယ်ဒီက အကုန် သူ့ကိုလွဲပေးခဲ့တာလေ ဒယ်ဒီမရှိရင် သူကသူဌေးဘဲလေ ဝန်ထမ်းတွေကို အဲ့လောက်ရှင်းပြစရာမလိုသလို၊ တောင်းပန်စရာလဲမလိုဘူး၊ အစည်းအဝေးကိုလဲ ဖျက်လို့ရတယ်မလား ဒါမယ့် သူမလုပ်ဘူး အဲ့မို့ buiက leader‌ေကာင်းတယောက်ဖြစ်တယ်ဆိုတာကို လက်ခံနိုင်လာတယ်။

"Pping, ကဘဲ ကျန်တဲ့ညွှန်ကြားချက်တွေbuiပြန်လာတဲ့အထိ တာဝန်ယူသွားမှာမို့ အားလုံးလဲအတူတူ ကူညီပေးကြပါဦးနော်၊ buiမရှိလို့ company လစ်ဟာသွားတယ်ဆိုတာမဖြစ်နိုင်ပါဘူး ဘာလို့ဆို buiမရှိတောင် ခွန်တို့လို ဝန်ထမ်းကောင်းရှိနေသရွေ့ ဒီcompany ကအောင်မြင်နေဦးမှာမို့ပါ၊ အားလုံးပုံမှန်ကိုယ့်‌လုပ်နေကျ တာဝန်တွေကိုဘဲ ကြိုးစားလုပ်ပေးကြပါလို့ပြောရင်း နိဂုံးချုပ်လိုက်ပါတယ်၊ အရေးပေါ်အစည်းအဝေးရှိရင်တော့ Ppingကနေ တဆင့်မှာကြားလိုက်ပါ့မယ်၊ အားလုံးကိုကျေးဇူးတင်ပါတယ် " ဆိုပြီး တည်တည်ငြိမ်ငြိမ်ပြောနေတဲ့buiက တကယ့်လူကြီးတယောက်လိုဘဲ၊ ဒီနေရာမှာ သူရောက်လာရတာက သူ့ကြိုးစားမှုကြောင့်ဆိုတာ လက်မခံနိုင်စရာအကြောင်းမရှိတော့ဘူး။ဒါမယ့် သူ့အရည်အချင်းရှိပါရဲ့နဲ့ ဘာလို့ ငါနဲ့လက်ထပ်ဖို့သဘောတူလဲဆိုတာတော့ တွေးစရာဘဲ အဲ့တချက်ကြောင့်တော့ သူ့အပေါ်အလုံးစုံမယုံကြည်နိုင်သလို၊ သူ့အပေါ်အပြည့်ဝကောင်း‌မပေးနိုင်သေးဘူး။

HopeWhere stories live. Discover now