ep-26

286 30 9
                                    

Bible pov

Bui ငါရှေ့က ထွက်သွားတာကိုမြင်ရတဲ့မြင်ကွင်းက ငါနှလုံးသားတစစီ ကွဲကြေသွားသလိုဘဲ ငါ့အပြစ်ကြောင့် တားနိုင်စွမ်းမရှိပင်မယ့် သူ့နာမည်လေးကို လှမ်းခေါ်လိုက်ရင် တချက်လောက်လှည့်ကြည့်ဦးမလားဆိုတဲ့ စိတ်နဲ့ခေါ်လိုက်ပင်မယ့်

သန်မာချင်ယောင်ဆောင်တဲ့ကောင်လေးကတော့ ဒီတခေါက်တော့ ဟန်ဆောင်ကောင်းလွန်းလှတယ်၊ ငါ့ကိုလုံးဝလှည့်မကြည့်လာတာမို့ ရှေ့လျှောက်ဘာဆက်ဖြစ်မယ် buiငါ့ကို ဘယ်လိုထင်မလဲဆိုတာ မတွေးချင်တော့ဘူး

Angel ရှေ့မှာမို့ သူ့ခံစားနေရပင်မယ့် အဆုံးထိ သန်မာပြနေတဲ့ buiကိုမြင်ရတာ ရင်နာတာမို့ ဘာမှဝင်ပြောနိုင်စွမ်းမရှိတော့တဲ့အထိ ငါလဲပြိုလဲနေတယ်။

ငါ့အပြစ်တွေ အစောကြီးကတည်းက ဖြေရှင်းခဲ့ရင် ပြဿနာဒီလောက်ကြီးမှာမဟုတ်သလို ငါ့ချစ်တဲ့bui‌လဲ ခုလောက်ထိခံရခက်မှာမဟုတ်ဘူး...

ငါရဲ့တွေဝေမှု၊ buiအပေါ်ချစ်တဲ့စိတ်ကို အသိနောက်ကျမှုတွေကြောင့် ငါ့ကိုယ်တိုင် ပြဿနာကိုလက်ယှက်ခေါ်မိသလို ဖြစ်သွားမိပြီ...

အစောကတည်းကBuiငါ့အပေါ်ဆက်ဆံသလို ငါ့ပြန်ဆက်ဆံမိရင်၊ သူ့အချစ်တွေကို မြင်ခဲ့မိရင်ဆိုတဲ့

နောင်တ‌ေတွတသီကြီး ရနေတာမို့ ငါ့အချိန်တော်ကြာဆွံ့အနေဆဲ....ဒါမယ့် ငါ့စိတ်ထဲက devil စိတ်က နှိုးထလာကာ ငါ့ကိုသတိပေးနေတယ်

"မင်းအပြစ်မဟုတ်ဘူး အဲ့ပြဿနာကို မင်းစခဲ့မိပင်မယ့် အဆုံးသတ်ဖို့ကို ရှုပ်ထွေးအောင် တမင်လုပ်တဲ့သူကသာ အပြစ်ရှိတာ...အရာရာအဆင်ပြေသွားမယ့်အချိန်ကမှ လောဘစိတ်တခုကြောင့် ရှုပ်ထွေးအောင်လုပ်တဲ့သူကဘဲ တရားခံအစစ် " ဆိုတဲ့ ထောက်ပြမှုကြောင့် ပြိုလဲနေလို့မဖြစ်ဘူး ပြန်တိုက်ခိုက်ရမယ်ဆိုတဲ့ အတွေးနဲ့အတူ နှိုးထလာခဲ့တယ်။

"မင်းဒါဘာလုပ်တာလဲ Angel "

"ဘာလုပ်လို့လဲ လာနှုတ်ဆက်တာပါဆို "

"မင်းကိုပြောပြီးသား၊ buiရှေ့ပေါ်မလာပါနဲ့ဆိုတာကိုလေ "

"မပေါ်လာချင်ရင် Angel တောင်းဆိုတာကို လိုက်လျောပေးလို့ပြောထားသားဘဲ ဘယ်သူ့လဲနားမထောင်တာ Angel ကိုအပြစ်လာတင်မယ့်အစား ဒယ်ဒီပြောတဲ့ကိစ္စကိုသာ သဘောတူနိုင်အောင်ကြိုးစားတာ ပိုမကောင်းဘူးလား "

HopeUnde poveștirile trăiesc. Descoperă acum