ep-17

317 38 3
                                    

Build Pov

ဆေးရုံမှာကတည်းက တောက်လျောက်ပြောင်းလဲနေတဲ့ bible ကြောင့်ရူးချင်လာပြီ၊ ဘာလို့လဲဆိုတာ နားမလည်နိုင်သလို၊ ဘာကြောင့်လဲဆိုတာလဲ အဖြေရှာမရလို့ ဘာမှမစဉ်းစားချင်တော့ဘူး၊ ငါခံစားချက်တွေကို လာကစားနေတာဘဲနေမှာ

"Bui jakapan သတိထားစမ်း၊ သူ့အပေါ် ဒီထက်ပိုမယိုင်သွားစေနဲ့၊ သူ့မှာချစ်သူရှိတယ်ဆိုတာ အမြဲသတိရစမ်း! " ဆိုပြီး ကိုယ့်စိတ်ကိုသတိပေးနေရတယ်၊

"Bui ဘာတွေစဉ်းစားနေတာလဲ ? "

ခါတိုင်း မနက်စာတူတူမစားတဲ့သူက ထူးထူးဆန်းဆန်း ဒီနေ့အတူတူစားပေးနေလို့ အံ့ဩပြီး တွေဝေနေတာ လူမိသွားပြီ။

"ဘာမှမဟုတ်ဘူး၊ အလုပ်‌အကြောင်းတွေးနေလို့ "
ဆိုပြီး ကွေ့ပတ်ရှောင်ပြီးဖြေရတော့တယ်၊ ဘာလို့လဲ တခါမှ ငါဘာတွေးနေလဲ သူမသိချင်သလို၊ မေးလဲမမေးဖူးပါဘူး၊ အခုမှ ...

"အိမ်မှာဘဲ‌နားနေ၊ companyကို  ကိုယ်ဒီရက်ပိုင်းသွားပေးမယ် "

ဘုရားရေ! Bible Wichapas ပါးစပ်က ကုမ္ပဏီသွားမယ်ဆိုပြီး ပြောနေပါလား၊ ဒါကလဲ သူ့သဘောနဲ့သူပြောနေတာနော်၊ ဒယ်ဒီခိုင်းလို့မဟုတ်ဘဲနဲ့လေ၊

ကိုယ့်နားကိုတောင်မယုံနိုင်ဘူး၊ နေကအနောက်အရပ်ကထွက်တယ်ပြောရင်တောင် ယုံချင်ယုံပေးလိုက်ဦးမယ်။

"ဘာလို့လဲ? " သူ့စကားကိုဂရုမစိုက်သလို လေသံနဲ့ပြောလိုက်တော့တယ်၊ သူ့စကားတခွန်းနဲ့ငါတုန်လှုန့်သွားတယ်ဆိုတာမသိစေချင်ဘူး။

"Buiမှမသက်သာသေးတာ၊ ဆရာဝန်ပြောတယ်မလား အားအရမ်းနည်းနေလို့ stress မပိစေနဲ့တဲ့ "

"အဲ့တာနဲ့ ကုမ္ပဏီကိစ္စနဲ့ဘာဆိုင်လဲ "

"အော် ခက်ပါရောလား၊ သူ့ကျန်းမာရေးအတွက် စိတ်ပူလို့စေတနာနဲ့ အလုပ်တွေကူပေးမလို့ကို ရဲစခန်းရောက်နေတဲ့အတိုင်း စစ်မေးနေတော့တာဘဲ "

"Bible က buiကို စိတ်ပူသေးတယ်ပေါ့လေ "

သွားပြီ, စိတ်ထဲကအတွေး‌တွေကို ထုတ်မေးမိလိုက်မိပြီ၊ ဒါမယ့် သူဘာပြန်ဖြေမလဲဆိုတာ သိချင်လို့ မျက်နှာကိုဟန်မပျက်ထိန်းကာ သူ့မျက်နှာကို အကဲခတ်နေဆဲ

HopeWhere stories live. Discover now