Ep-20

348 37 10
                                    

Bible Pov

နဲနဲဘဲသောက်မယ်ဆိုပြီး တွေးရင်းတွေးရင်း limit နဲနဲကျော်သွားခဲ့တယ်၊ ဒါမယ့် ခေါင်းထဲနဲနဲရှင်းသွားသလိုမျိုးမို့ ခံစားချက်ကောင်းနေတယ်။

ဒေါက်ဒေါက်ဒေါက်

"Bui..Buiတံခါးဖွင့်ဦးလို့ "

ဘယ်လောက်မူးနေပလေ့စေ ငါ့အခန်းတော့ငါမှတ်မိသေးသလို၊ အပေါ်ထပ်ကိုလဲ ခြေလှမ်းမှန်မှန်နဲ့တက်နိုင်သေးတယ် "အဟက် ဘယ်ဆိုးလို့လဲ Wichapas တို့မူးသာမူးတာ အကုန်သိသေးတယ် "
ဆိုပြီးတွေးနေတုန်း အခန်းတံခါးပွင့်လာခဲ့တယ်။

Suit ဝတ်ထားဆဲမို့ buiလဲအခုမှ ကုမ္ပဏီကပြန်ရောက်တယ်ထင်တယ်၊

"Bui jakapan မင်းနဲ့ရှင်းစရာရှိတယ် "

ငါ့ကိုစိတ်ရှုတ်သလိုပြန်ကြည့်နေတဲ့ အဲ့မျက်ဝန်းညိုတွေ..သက်ပြင်းတွေဘဲချနေတဲ့ အကောင်ပေါက်ကြောင့် ဒေါသကအလိပ်လိုက်ထွက်လာပြန်တယ်။

"ဘာလဲ စိတ်ပျက်နေပြီပေါ့လေအမ်၊ အခုတော့စိတ်ပျက်နေပြီလား Bui jakapan "

သူ့ပုခုံးကိုလှုပ်ရမ်းကာပြောလိုက်တော့

"Bible,မနက်မှစကားပြောမယ်၊ အခုမူးနေပြီဆိုလဲ သွားအိပ်လိုက်တော့ "

ဆိုပြီး အခန်းထဲပြန်ဝင်သွားတဲ့သူနောက်ကိုဘဲ ကပ်လိုက်သွားတော့တယ်။အဲ့ကျောပြင် ငါ့ကိုကျောခိုင်းထားတဲ့ကျောပြင်ကို အရမ်းမုန်းတယ်

"ကိုယ်ကိုဘယ်တော့မှ အဲ့လိုကျောမခိုင်းသွားနဲ့ "

ဆိုပြီး ဆွဲလှည့်ကာ ရင်ခွင်ထဲထည့်ကာဖက်ထားလိုက်ပင်မယ့် အတင်းရုန်းနေတဲ့သူကြောင့်

"မကြိုက်ဘူးလား၊ ကို ဒီလိုထိတွေ့တာကို အဲ့လောက်‌ေတာင်မကြိုက်တာလား " အရက်သောက်ထားတဲ့အရှိန်ကြောင့် ရင်ဘတ်ထဲကခံစားချက်တွေ အကုန်ရောထွေးကာ ဝမ်းနည်းရိပ်တွေသန်းလာပင်မယ့် မငိုပါဘူး ငါသူ့အ‌ေပါ်လုပ်ခဲ့တာနဲ့ယှဉ်ရင် အခုငါ့ခံစားနေရတာက မပြောပါးလောက်ပါဘူး ၊ ဒါမယ့် မကြိုက်ဘူး သူ့ငါ့ကိုလစ်လျူရှုတာကိုလုံးဝမကြိုက်သလို နေသားလဲကျမနေဘူး

"ဖယ်တော့လို့ ပြောနေတယ်နော် Wichapas"

ပထမဆုံးဘဲ ငါ့အပေါ် ဒီလိုလေသံမာမာနဲ့ပြောတာက ငါထင်တာမမှားဘူးဆိုရင်...

HopeWhere stories live. Discover now