ep-12🥳🥳

315 36 7
                                    

2nd day in hospital,

Bible pov

ဆေးရုံပြတင်းပေါက်ကနေ နေရောင်ခြည်တွေဖြာထွက်နေပင်မယ့် ဘေးနားကလူကတော့ ရင်ဘတ်ပေါ်လက်လေးတင်ကာအိပ်နေဆဲ

"သေချာကြည့်တော့လဲ ချစ်ဖို့ကောင်းသားဘဲ "

စင်းကော့နေတဲ့ မျက်တောင်ထူထူလေးတွေနဲ့ နှာတံချွန်ချွန်လေး၊ ပန်းရဲသန်းနေတဲ့ နှုတ်ခမ်းပါးလေးကလဲ လှပနေသလို တချက်တချက်လှုပ်ရှားသွားရင် ပေါ်လာတတ်တဲ့ ပါးချိုင့်လေးတွေကို တဆင့်ချင်းငေးမောနေမိတာ သူဘယ်ချိန်နိုးလာမှန်းတောင်မသိလိုက်...

"Bible နိုးနေပြီလား "

မပွင့်တပွင့်မျက်လုံးလေးတွေ လက်နဲ့အတင်းပွတ်တတ်တာ သူအကျင့်လေးလား

"ကျစ်၊ ဘာလို့အတင်းပွတ်နေတာလဲ "

ပွတ်သပ်နေတဲ့ သူလက်လေးအား ဖမ်းဆုပ်ကာ တားလိုက်တော့ တချက်တွန့်သွားတာမို့

"ဘာလို့ အဲ့လောက်လန့်နေတာလဲ၊ လက်ဘဲကိုင်ရသေးတာကိုး"

"မဟုတ်ပါဘူး၊ ရုတ်တရက်မို့ပါ "

နားလေးတွေရဲတက်လာတာမို့ သူရှက်သွားတာကိုတော့ သတိထားမိလိုက်တယ်

"ယောင်္ကျားလေးတယောက်က လက်လေးကိုင်တာနဲ့ ဘာလို့ရှက်သွားတာပါလိမ့်၊ ရှက်သွားတော့လဲတမျိုး‌ေလးချစ်ဖို့ကောင်းသားဘဲ " လို့စိတ်ထဲမှာ တွေးမိလိုက်တယ်။

Build Pov

Buiကလူငယ်ဆို‌ေတာ့ ဆေးရုံမှာ ပြန်လည်ထောင်ထူထောင်ရေး ၂ရက်လောက်လုပ်ရုံနဲ့ ကောင်းကောင်းထနိုင်လာတယ်၊ ခါးကဒဏ်ရာကလဲ သိသိသာသာအရောင်ကျလာတာမို့ အခြေအနေကောင်းမွန်လာတယ်။

"Bible ဒီနေ့ကောအလုပ်မသွားဘူးလား "

ဆိုဖာပေါ်မှာ laptop နဲ့အလုပ်ရှုပ်နေတာမြင်တာမို့ အားနာမိတယ်၊ တကယ်ဆို ငါလဲသက်သာနေပြီလေ ခုလိုထိုင်စောင့်ပေးနေစရာမှ မလိုတာ

"ခုနနေတော့ အပြင်သွားစရာရှိသေးတယ်၊ အလုပ်တော့မသွားတော့ဘူး ၊ ခနလောက်အပြင်သွားတာရတယ်မလား "

"အမ် , အော်ရပါတယ် "

ဘာလို့ငါဆီက ခွင့်ပြုချက်တောင်းနေပါလိမ့်၊ သွားချင်သွားပေါ့ သူ့သဘောလေ၊ Bible ကခါတိုင်းလိုမဟုတ်ဘဲ တမျိုးထူးဆန်းနေတယ်

HopeWhere stories live. Discover now