Ep-16

289 37 17
                                    

At home

Bible Pov

"Bui ဒါဘယ်လဲ? "

အပေါ်ထပ်က ငါတို့အခန်းကိုမသွားဘဲ ဧည့်သည်အခန်းထဲသွားဖို့လုပ်နေတဲ့သူကို လှမ်း‌ေမးလိုက်တော့

"ဒိအခန်းမှာဒီညအိပ်မလို့လေ "

"ဘာလို့အဲ့အခန်းမှာအိပ်မှာလဲ ကိုတို့အခန်းမှာဘာလို့မအိပ်တာလဲ "

လေသံကို နဲနဲလျော့ကာမေးလိုက်တယ်၊ ဆေးရုံကဆင်းလာပင်မယ့် သူကလုံးဝသက်သာသေးတာမဟုတ်တော့ ဘာဘဲဖြစ်ဖြစ်လူနာမလား

"မေမေမှ အိမ်မှာမရှိတာ တခန်းထဲအတူတူအိပ်စရာမလိုသလို၊ဟန်ဆောင်စရာလဲမလိုဘူးလေ အဲ့မို့..."

သူပြောတာကို ဆုံးအောင်နားမထောင်တော့ဘဲ ပုခုံးပေါ်တင်ကာထိန်းပြီးသာ အပေါ်ထပ်ခေါ်လာခဲ့တော့တယ်။
"ဟာ! Bible အောက်ချပေးလို့ ပြောနေတယ်နော် "

ငါ့ကျောကိုလဲပုပ်လိုက် ခြေထောက်တွေကလဲ တစက်မှအငြိမ်မနေဘဲ လှုပ်ယှမ်းနေတာမို့ လှေကားပေါ်ကနေ နှစ်ယောက်သားပြုတ်ကျလို့ကတော့ ကြည့်ကောင်းတော့မှာဘဲ

"ငြိမ်ငြိမ်နေ မနေရင်နမ်းမှာနော် " ဆိုပြီး သူ့တင်ပါးကိုရိုက်ကာပြောလိုက်တော့ ငြိမ်ကျသွားတယ်။ ကလေးလေးတွေပြောမရရင် တင်ပါးလေးရိုက်ပြီး ဆူလိုက်ရင် ငြိမ်သွားသလိုမျိုး buiလဲ အခုအဲ့လိုဘဲ ဆူလိုက်လို့ငြိမ်သွားတာလား နမ်းမှာကြောက်လို့ ငြိမ်သွားတာလားတော့မသိဘူး။

ထို့နောက်ကုတင်‌ေပါ်အသာလေးတင်ပေးလိုက်တော့တယ်၊ သူ့ခါးကလုံးဝသက်သာသေးတာမဟုတ်တော့ ခုနကသယ်ရင်တောင် သူနာသွားမလားစိုးရိမ်မိသေးပင်မယ့် စိတ်တိုနေတဲ့အရှိန်နဲ့မို့ အရမ်းမနူးညံ့မိလိုက်ဘူး၊

"နှုတ်ခမ်းကြီးက ဘာလို့ဆူနေတာလဲ "

ဆိုပြီး သူ့ပါးလေးနှစ်ဖက်ကိုဆွဲကာ မေးလိုက်မိတော့

"Bibleဘာလို့ buiအသားကိုဘဲနာအောင်လုပ်နေတာလဲ " ဆိုပြီး အသံစွာစွာနဲ့ပြန်အော်ပါလေရော အမြဲလူကြီးလေးတယောက်လိုဟန်ဆောင်နေပင်မယ့် တကယ့်တော့ကလေးပေါက်စလေးဖြစ်နေတာဘဲ။

HopeWhere stories live. Discover now