Silent P(10)

109 16 4
                                    

မနေ့က အားကုန်ခဲ့သည်မို့ ဂျွန်ကယူလေးကတော့ အိပ်မောကျဆဲပင် ရုတိုကတော့ မြတ်နိုးရသူရဲ့ ဆံပင်လေးအား လက်ကလေးနဲ့ ကစားနေမိသည်

"အင့်....."
တချက်တချက် ထိတွေ့လာတဲ့ လက်ကလေးကြောင့် ထင်ပါရဲ့ မျက်လုံး အစုံဟာ တဖြည်းဖြည်း ပွင့်လို့လာသည်

"နိုးနေပြီလား ရုတို"
မျက်လုံးလေးနှဖက်ကိုပွတ်ကာ ခလေးတယောက်ကဲ့သို့ ဖြူစင်လှတယ်

"အင်း ညကပင်ပန်းသွားလို့လား"
ဘေးနားမှာ လှဲနေတဲ့ ကယူ့လေး ဘက်သို့ ကိုယ်ကိုစောင်းကာမေးလိုက်သည်

"မင်းနော် တကယ်မူးတာရောဟုတ်လို့လား"

"တကယ်ပါ"

လိမ်ခြင်းသာဖြစ်သည် အမှန်တော့ ကားပေါ်မှာတည်းက အမူးပြေ သွားသည် အိမ်ပြန်လွှတ်ချင်ပေမယ့် ပိုပိုချစ်စရာကောင်းလာတဲ့ ချစ်ရသူရဲ့ အပြစ်ကြောင့် မူးနေသည်ကို အကြောင်းပြကာ အတင်းအကြပ်လုပ်ယူမှရမဲ့ အရာကရှိနေတော့ လညါး မတတ်နိုင်ခဲ့

"သွားရေသွားချိုးတော့ "

"တူတူချိုးချင်တာ"

"ဟရုတို"

"အင်း ချိုးတော့မယ်"
ချစ်ရသူလေး ရွှေစိတ်တော်ညိုးမည်ဆိုတာသိလိုက်ပါတယ်
_____________________________
ချစ်ရသူနဲ့ တူတူ စားတဲ့ မနက်စာက အချိုမြိန်ဆုံးပါပဲ

ဒီနေ့တော့ ဆာဟိလေးကို ခေါ်ပြီးအိမ်မှာပဲဒယ်ဒီနဲ့ မနက်စာ စားဖြစ်တယ်လေ

"သား ဆာဟိကို ထည့်ပေးလိုက်ပါအုံး"

"ဘာစားချင်သေးလဲ ကို့အသဲလေး"

"ရပါတယ်ဗျ အဆင်ပြေပါတယ်"

"လိုတာရှိရင်ပြောနော် အချိန်မရွေး ဝင်နိုင်ထွက်နိုင်တယ်နော်သား"

"ဟုတ်ကဲ့ပါ အန်ကယ်"

"ဒယ်ဒီလို့ပဲခေါ်ပါ သားတယောက်ထပ်ရသလိုပါပဲကွယ်"

"ဟုတ်ကဲ့ပါဒယ်ဒီ"

တီ~တီ~တီ
"ဖုန်းလာနေတာပဲ ကိုင်လိုက်လေ ဆာဟိ"

"ဟုတ်"

|ဟုတ် အကို|

|ပျော်နေတာလား ဆာဟိလေး အကို့ဆီတောင် ဖုန်းမဆက်ဝူး|

SILENT!!(Completed)Where stories live. Discover now